"လူပျောက်ကြေငြာ...?သေချာရဲ့လားယု"
ယုမျက်လုံးကိုစိတ်ပြတ်စွာလှည့်လိုက်ရင်း
"ပတ်ဝန်ကျင်လည်းနည်းနည်းပါးပါလေ့လာ အားနေအိပ်ယာပေါ်ပဲစိတ်ရောက်မနေနဲ့"သူရတွေဝေသွားပြီး အိပ်ယာပေါ်ကကောင်လေးကိုကြည့်လိုက်သည် သူထင်တာ ဒီကလေးက ရိုးရိုးမူယာမာယာများနေတဲ့ ညငှက်လေးလို့ဘယ်ထင်မလဲဒီကလေးပြောနေတာတွေကအမှန်တွေဆိုတာ
ဒါပေမဲ့သူဂရုမစိုက်ပါ သူကြိုက်လို့တခါမှသူများဆီကမတောင်းဆိုဘူးတဲ့သူက သူ့သူငယ်ချင်းအရင်းကြီးဆီမှာဒီကလေးကိုမျက်နှာပြောင်တိုက်ပြီးတောင်ခဲ့တာလေ လွယ်လွယ်နဲ့တော့လက်မလွှတ်ချင်ပေ လွယ်လွယ်နှင့်လက်လျှော့တာသူ့အကျင့်မဟုတ်ပေ သို့ပေမဲ့သူကစားတာပျင်းလာရင်တော့ စွန့်ပြစ်ဖို့လဲဝန်မလေးပေ
သူရကုတင်ခြေရင်းမှာထိုင်လိုက်ပြီး အိပ်ယာပေါ်မှာညိမ်သက်စွာအိပ်မောကျနေတဲ့ကောင်လေးကိုစေ့စေ့ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်ကမြှင့်တပ်လို့သွားပြီး ထိုကောင်လေးဆီကပဲအကြည့်မခွာနိုင်ဖြစ်နေပြီး နာရီဝက်လောက်ကြာတော့ ယုသည်သူလုပ်စရာရှိတာတွေလုပ်ပြီး ဆေးချိတ်လို့ပြီးသည့်နောက်
ခုတင်ခြေရင်းက ကောက်ရိုးပုံစောင့်တဲ့ခွေးလိုထိုင်စောင့်နေတဲ့သူရကိုကြည့်လိုက်ရင် စိတ်ပြတ်သောမျက်နှာထားနှင့်
"ခွေးအကြီးလှည်းနင်းသလိုလုပ်မနေနဲ့ နေ့လယ်ကြရင်မင်းလင်ပြန်နိုးလာလိမ့်မယ်"
သူရနှာမှုတ်လိုက်ရင်း မကျေနပ်သည်လေသံနှင့်
"ဘယ်သူကသူ့ကိုဆိုးရိန်နေလို့လဲ"
ယုဆေးသေတ္တာကိုမကျေနပ်စွာစောင့်ပိတ်လိုက်ပြီး
"မဆိုးရိန်ရင်လဲငါ့ကိုနောက်လာမခေါ်နဲ့ အလုပ်ရှုပ်တယ်ဟ ဘောပဲ"🖕လိုပြောကာလက်ခလယ်ကိုထောင်ပြလိုက်ရင်း အခန်းထဲမှာထွက်သွား၍အခန်းတခါးအား ဘန်း ခနည်းမည်အောင်ပါတမင်ပိတ်သွားလေသည်။
"ဒီကောင်..အဲမဟုတ်သေးဘူး အခုသူကမိန်းကလေးဖြစ်သွားပြီဆိုတော့အဲ့လိုခေါ်တာမမှန်ဘူး..ဘယ်လိုခေါ်မလဲ..?"
YOU ARE READING
ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်
FanfictionBlကော normalပါနှစ်မျိုးလုံးပါမဲ့အမျိုးစားလေးမို့အားပေးကြပါအုံးနော်