ဘုန်းရန်နိုင်နှင့်ဦးထွန်းမြတ်အချိန်အတော်ကြာလုပ်ငန်းအကြောင်းဆွေးနွေးနေပြီး နှစ်ယောက်လုံးကလဲ ကိုယ်ဆီရရှိမဲ့အကျိုးမြတ်များကိုကျေနပ်ကြရင်း နောက်ဆုံးအပေးယူတည့်ကာ စာချုပ်ချုပ်လိုက်ကြပြီး အောင်အောင်မြင်မြင်ပူးပေါင်းလိုက်ကြတော့သည်။
သီရိကတော့သူ့တို့ဘေးမှာရပ်ရင်း သူတို့ဆွေးနွေးတဲ့အချိန်တစ်လျှောက် လိုအပ်တာများထောက်ပြပေးပြီး သူမလေ့လာပြီးနားလည်သလောက် ဦးထွန်းမြတ်ဘေးကနေဝိုင်းကူညီပေးသည်။
သူတို့လုပ်ငန်းအကြောင်းဆွေးနွေးလို့ပြီးတော့ဘုန်းရန်နိုင်နာရီကိုကြည့်လိုက်တော့နေ့လယ်၂နာရီတောင်ထိုးတော့မည် သူတို့ဆွေးနွေးချိန်က၁၁နာရီကြော်လောက်ကဖြစ်ပြီး ဒီလောက်ထိကြာသွားမြည်လို့မထင်မိပေ ထိုအခါဘုန်းရန်နိုင်က ဦးထွန်းမြတ်အား
"နေ့လယ်စာစားချိန်တောင်လွန်သွားပြီပဲ ဒီလိုလုပ်ပါလား ပူးပေါင်းမူ့အောင်မြင်တဲ့အထိန်းမှတ်အနေနဲ့ နေ့လယ်စာကျွန်တော်လိုက်ကျွေးပရစေ"
"အာမဟုတ်တာ မောင်ရန်နိုင်ရယ် ကျွေးခြင်းကျွေးဦးကလိုက်ကျွေးရမှာပေါ့"
ဘုန်းရန်နိုင်အားနာဟန်နဲ့ညင်းမည်အလုပ်မှာဦးထွန်းမြတ်က ဦးစွာ
"သမီး ဆိုင်တစ်ခုမှာသီးသန့်ခန်းတစ်ခုဘိုကင်ယူလိုက်"
သီရိကလဲလျှင်မြန်စွာပဲ
"ဟုတ်ကဲ့"လို့ပြောရင်းအခန်းပြင်ထွက်သွားကာ စားသောက်ဆိုင်တစ်ခုမှသီးသန့်ခန်းယူရန်ဖုန်းထွက်ဆက်ပြီးခနအကြာမှာပဲ ပြန်ရောက်လာပြီး
"စားသောက်ဆိုင်မှာအခန်းယူပြီးပါပြီ ဒရိုက်ဘာကိုလိပ်စာလဲပေးပြီပါပြီအဆင်သင့်ထွက်ယုံပါပဲ"
ဘုန်းရန်နိုင်သည်အမြန်ပဲ
"မင်းမလိုက်ဘူးလား""အာ..ကျွန်မ"
သီရိ ဖြေရသည်မှာအခက်တွေ့နေ၍ ဦးထွန်းမြတ်ကပဲ
"ဦးသမီးကမလိုက်တော့ဘူးကွဲ့ သူအိမ်ပြန်တော့မှာ အလုပ်အခုမှစဝင်တာဆိုပင်မဲ့လဲ ဖိအားတွေမများအောင်လုပ်ငန်းနဲ့သိပ်မထိတွေ့စေချင်ဘူးကွဲ့ သူနားမလည်တာတွေကိုလဲ ပေါ့ပေါ့ပါးပါးဖြစ်အောင်အိမ်မှာပဲသင်ယူခိုင်းတားတာ"
YOU ARE READING
ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်
FanfictionBlကော normalပါနှစ်မျိုးလုံးပါမဲ့အမျိုးစားလေးမို့အားပေးကြပါအုံးနော်