ထူးမြတ်ဒီနေအရမ်းကိုပျော်ရွှင်နေသည် ညကသူအမကသူနဲ့စကားအကြာကြီးပြောတဲ့အပြင် ယခုသူ့အတွက်လိုအပ်တဲ့ပစ္စည်းများဝယ်ပေးဖို့ဆိုပြီး ကားထဲနှစ်ယောက်အတူတူထိုင်စီးလာရသည်။
သူတကယ်ပဲ သူမမနဲ့ရင်းနီးချင်ပြီး ချစ်ချစ်ခင်ခင်နေချင်သည်
သူအရင်ကမကောင်းတဲ့အတိတ်များကိုမေ့ဖျောက်ပြီးပျော်ပျော်ရွှင်ရွှင်ရှိသွားချင်သည်။သူအမေကဆင်းရဲတဲ့ရပ်ကွတ်ကဈေးသယ်တစ်ဦးသာ သူ့ကိုအရမ်းချစ်ပြီးသူကိုလိုလေသိမ့်မရှိဂရုစိုက်ခဲ့ပေမဲ့ ပင်ပန်းတဲ့ဒါဏ်ကိုမခံနိုင်လို့ အိပ်ရာထဲလဲပြီး ရက်အနည်းငယ်အကြာတွင်ဆုံးပါးသွားခဲ့သည်။
ထိုအချိန်ကသူဝမ်းနည်းရဆုံးအချိန်ဖြစ်ခဲ့ပြီး လောကကြီးထဲမှာဆက်မနေချင်တဲ့ထိပါစိတ်ဓာတ်ကျခဲ့သည်။
လအနည်းငယ်ကြာမှသူ့အဖေဆိုတဲ့သူပေါ်လာပြီးသူ့ကိုမြို့ကြီးထဲကိုခေါ်ကာ သူ့တစ်ခါမှအိမ်မက်မမက်ဘူးတဲ့အိမ်ကြီးထဲမှာပေးနေပြီးသူ့ကိုအစစအရာရာဂရုစိုက်ခဲ့သည်။ သူမမကိုစတွေ့တုန်းက မမကသူ့ကိုမကြိုက်ဘူးလို့ထင်ခဲ့သည်ဒါပေမဲ့သူအထင်မှားတာဖြစ်နိုင်သည်။
ထို့အတွက်သူပျော်ရွှင်ရသလို ပင်ပန်းဆင်းရဲခဲ့တဲ့သူအမေကိုအရမ်းသတိရသည် တကယ်လို့သူ့အမေသာအသက်ရှင်နေသေးရင် ဒီလိုဘဝမျိုးသားမိနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီးအတူထာဝရရှိသွားရမည်ဖြစ်သည်။
သိရိသူ့ဘေးနားကထူးမြတ်ကိုဂရုမစိုက်ပဲအကြောင်းရာတစ်ခုကိုသာအလေးနက်တွေးတောနေပြီး သူမစိတ်ထဲတွင်
(အင်း..ပြောရမယ်ဆိုအခုငါရေးတဲ့ဝတ္ထုထဲငါပြန်ရောက်နေတာ ဘယ်လိုရောက်လာမှန်မသိပေမဲ့ရောက်နေပြီတခြားဇာတ်လမ်းတွေကလိုမတော်တဆလဲမဖြစ် နေမကောင်းလဲမဖြစ် စွမ်းအားကြီးတဲ့ပစ္စည်းကြောင့်လဲမဟုတ်ပဲနဲ့ရောက်ချင်လို့ကိုရောက်လာတာ
ဇာတ်ကြောင်းတွေးတောရရင် တွေးတောစရာမလိုပါဘူးအစအဆုံးငါပဲရေးခဲ့တာဆိုတော့ ပြောရရင်နောက်ဆုံးအသေဆိုးနဲ့သေရမဲ့ဇာတ်ကောင်ကိုယ်ကြီးထဲရောက်နေခဲ့တာပေါ့)
YOU ARE READING
ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်
FanfictionBlကော normalပါနှစ်မျိုးလုံးပါမဲ့အမျိုးစားလေးမို့အားပေးကြပါအုံးနော်