ep- 31(Z-U)

56 6 0
                                    

ရက်အနည်းငယ်ကြာပြီးနောက် သီရီတာဝန်ယူစီစဉ်ပေးထားတဲ့တွေ့ဆုံပွဲနေရာတွင်ဘုန်းရန်နိုင်သူရထူးမြတ်နှင်ယုယခင်တို့နှင့်အတူနိုင်ငံခြားသားအနည်းငယ်ရှိနေပြီး သီရိကပါမဆီမဆိုင်သူတို့ကြားထဲရောက်နေတော့သည်။

အကြောင်းမှာတွေ့ဆုံပွဲအချိန်သည်နေ့ဘက်မဟုတ်ပဲညဘက်ဖြစ်နေသောကြောင့် သူရထူးမြတ်အားလာခေါ်ချိန်တွင်ဦးထွန်းမြတ်ကထူးမြတ်ကိုသိပ်စိတ်မချသေးတာကြောင့်သီရိကိုထူးမြတ်အားစောင့်ရှောက်ဖို့ထည့်လိုက်ခြင်းပင် တွေ့ဆုံပွဲနေရာမှာသီရိရဲ့နေရာဖြစ်သောကြောင့်ဦးထွန်းမြတ်ကသူကလေးနှစ်ယောက်လုံးကိုစိတ်ချလက်ချပင်လွှတ်လိုက်တော့သည်။

သီရိသူများတွေလိုဝိုင်နှင့်အရက်အစားစတော်ဘယ်ရီဖျော်ရည်ကိုသာသောက်နေပြီး ထူးမြတ်အတွက်လဲလိမ္မော်ရည်သပ်သပ်စီစဉ်ပေးထားတော့သည်။

အခြားသူများမှာရှေးဟောင်းနောက်ဖြစ်တွေပြောနေကြပြီး သူရကတော့ အခွင့်ရေးရတာနဲ့ထူးမြတ်အားသူ့အနားခေါ်ပြီး သူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးနေပြီး ဘုန်းရန်နိုင်ကသီရိနဲ့မလှမ်းမကမ်းမှာရှိနေပြီးသီရိအားစောင့်ကြည့်နေလျှက်ရှိကာ ဘုန်းရန်နိုင်သီရိကိုကြည့်နေတာကိုမြင်တဲ့ယုယခင်က သီရိအနားကပ်သွားပြီး
"ကိုယ်လုံးဝစပရိုက်ဖြစ်သွားတာသိလား ဒီနေ့ညသီရိလေးကိုတွေ့လိမ့်မယ်လို့တကယ်မမျှော်လင့်ခဲ့ဘူး ပြီးတော့ပိုပြီးအံဪဖို့ကောင်းတာက သီရိလေးက သူရနဲ့စေ့စပ်ထားတဲ့သူရဲ့အမဆိုတာ တကယ်မထင်ခဲ့မိဘူး"

သီရိခပ်ရေးရေးပြုံးရင်း
"အင်း တွေးကြည့်ရင်တကယ်တိုက်ဆိုင်တယ်နော်"

"ဒါပေါ့ဒါပေါ့"

ဘုန်းရန်နိုင်ဘက်မှာတော့ဘုန်းရန်နိုင်နားကို ရွှေအိုရောင်ဆံပင်နှင်ဆက်စီကျတဲ့ခန္ဓာကိုယ်အချိုးစားနဲ့ဆွဲဆောင်မူ့အပြည့်ရှိတဲ့ဟန်နဲ့အမျိုးသမီးတစ်ဦးကပ်လာပြီး
"Hey..You..ခုနထဲက အဲ့မိန်းကလေးကိုငေးနေတာ Iသတင်းတွေကြားနေတယ်Youတစ်ယောက်ယောက်ကိုကြွေနေပြီဆို အဲ့တာသူလား"

ဘုန်းရန်နိုင်ထိုမိန်းကလေးကိုတစ်ချက်ငဲ့ကြည့်လိုက်ပြီး
"ဟုတ်တယ်ဆိုရင်ကော"

You've reached the end of published parts.

⏰ Last updated: Sep 29 ⏰

Add this story to your Library to get notified about new parts!

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now