"အာာ..သီရိပဲတွေ့ကြပြန်ပြီနော်"
သီရိသူမအားဖော်ရွေစွာနှုတ်ဆက်ပြီး သူမဆီလျှောက်လှမ်းလာတဲ့ယုယခင်အားကြည့်ပြီးအံအားသင့်မိသွားသည်။"ယုပါလား..ဒီကိုဘာကိစ္စ"
"ဒီရက်ပိုင်းတို့တွေရဲ့သူငယ်ချင်းဟောင်းစုဝေးပွဲရှိတယ်လေ ဦးဆောင်ပြီးလုပ်တာကရန်နိုင်ပေမဲ့ အဲ့ကောင်ကငွေပဲထုတ်ပြီး တို့ဆီပဲအရှုပ်တွေအကုန်ပြစ်ပေးလိုက်တာလေ သင့်တော်မဲ့ဟိုတယ်တွေလိုက်ကြည့်ရင်းဒီရောက်လာတယ်ဆိုပါတော့ ဒါနဲ့သီရိလေးကကောဒီမှာဘာလုပ်နေတာလဲ"
ယုယခင်ရဲ့အမေးကြောင့်သီရိပြုံးမိပြီး
"ဒါကျွန်မအဖေပိုင်တဲ့လုပ်ငန်းထဲကတစ်ခုလေ ကျွန်မကသိပ်မကြာသေးခင်ကဟိုတယ်လုပ်ငန်းဘက်ကိုလက်လွှဲယူနေတာ ဒီနေ့အလုပ်စဆင်းတယ်ဆိုပါတော့"ပါတီပြီးထဲကသူမအိမ်ထဲကအိမ်ပြင်မထွက်ပဲဟိုတယ်အကြောင်းကိုသေချာလေ့လာစီမံနေပြီး ယခုသူမကိုသူမအဆင်သင့်ဖြစ်ပြီလို့ခံယူကာ ယနေ့ဟိုတယ်ရဲ့CEOရာထူးကိုပထမဆုံးတိုက်ရိုက်ဆက်ခံကာ လုပ်ငန်းခွင်လျှောက်ပတ်ကြည့်နေခြင်းဖြစ်ပြီး ယုယခင်နဲ့ဆုံလိမ့်မယ်လို့မထင်ခဲ့မိပေ
ယုယခင်အံဪသွားကာသူမပါးစပ်ကိုလက်နဲ့အုပ်လိုက်ပြီး
"Wow!ဟုတ်လား သီရိကတော်လိုက်တာနော်"ယုယခင်ရဲ့စကားကြောင့်သီရိနည်းနည်းရှက်ကိုးရှက်ကန်းဖြစ်သွားပြီး
"အဲ့လောက်လဲမဟုတ်ပါဘူး"ယုယခင်ကတော့ဆုံးဖြတ်ချက်သေချာတဲ့အကြည့်နှင့်
"ဒါဆို ဒီမှာပဲပါတီလုပ်လိုက်ကြစို့"သီရိယုယခင်ရဲ့စကားကြောင့်ကြောင်အသွားကာ
"အယ်..ဒီလောက်မြန်မြန်ကြီးဆုံးဖြတ်လို့အဆင်ပြေရဲ့လား""ကိစ္စမရှိပါဘူး သီရိရဲ့နေရာပဲဟာမကောင်းစရာဘာမှမရှိပါဘူး အခုတို့တွေပါတီလုပ်မဲ့နေရာဆွေးနွေးရအောင်"
ယုယခင်သီရိလက်ကိုတင်းကျပ်စွာဖက်လိုက်ပြီးသီရိရဲ့ရုံးခန်းအားလိုက်သွားတော့သည်။
(ငါသီရိလေးကိုသဘောကျတယ်ဆိုပင်မဲ့ ဟိုအာဏာရှင်ရန်နိုင်ရဲ့မခံမရပ်နိုင်ဖြစ်တဲ့ပုံကိုလဲမြင်ချင်သေးတယ် အ့ဟား ငါသီရိလေးကိုဒီလိုပလူးနေတာကိုသာရန်နိုင်မြင်လိုက်လို့ကတော့
သေချာပေါက်သံပုရာသီးအလုံးလိုက်ဝါးစားထားတဲ့ရုပ်ဖြစ်နေမှာ)
YOU ARE READING
ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်
FanfictionBlကော normalပါနှစ်မျိုးလုံးပါမဲ့အမျိုးစားလေးမို့အားပေးကြပါအုံးနော်