___________________________________________
// Nothing lasts forever
But this is gonna take me down //___________________________________________
Unicode
" Cut ! ! ! Cut ! ! ! ! Cut ! ! ! ! ! "
ကျယ်လောင်နေသည့် ဒါရိုက်တာ၏အသံကြောင့်
အမှားထပ်လုပ်မိမှန်း သိလိုက်ပြန်သည် ။" အသုံးကိုမကျဘူး ! အသုံးကို !
မှားနေတာ ဘယ်နှခေါက်တောင်ရှိပြီလဲ ဟမ် !
အဲ့တာကြောင့် ငါလည်း တက်သစ်စတွေနဲ့ဆို အလုပ်ကို တွဲမလုပ်ချင်တာ ! ! ! "ဆူငေါက်ပြီး ထွက်သွားသည့် ဒါရိုက်တာသည်
ရိုက်ကွင်းကို ဆက်မရိုက်ပဲ Breakလိုက်တာကြောင့် ယနေ့ ရိုက်ကူးရန် ချိန်းဆိုထားသည့် သရုပ်ဆောင်များက ရှောင်ကျန့်အား ဝိုင်းပြီးအပြစ်တင်ကြတော့သည် ။" အားလုံးကို တောင်းပန်ပါတယ် "
ငါ့နှယ့် အေးအေးဆေးဆေး သီချင်းလေးရေးသီချင်းလေးဆို လုပ်နေရင်ပြီးတာကို ဘာလို့များလျှာရှည်ပြီး သရုပ်ဆောင်အလုပ်ကို လက်ခံမိတာလဲ မသိ ! အား ! ! !
ဖြူလုံးလုံး ကျောက်စရစ်ခဲလေးသည် ရေပြင်ပေါ် လေးခါ ရှပ်တိုက်ပြီး ကန်အောက်သို့ မြုပ်သည် ။
" ငါ ဘာလို့ဒါလေးတောင် မလုပ်နိုင်ရတာလဲ ! "
နောက်ထပ် ဖြူလုံးလုံး ကျောက်စရစ်ခဲကိုပဲ
ထပ်ရှာကောက်ကာ လွှင့်ပစ်ဖို့ မြှောက်စဥ်....။" မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး "
" စီနီယာ ! ! ! "
လက်ညိုး ၊ လယ်ခလယ် ၊ လက်သူကြွယ်ကြားက
ဖြူလုံးလုံးကျောက်စရစ်ခဲဟာ ဆွဲယူခံရသည် ။
ကန်ရေပြင်ပေါ် လှိုင်းလွန့်သွားသည်က
တစ် ကြိမ် ၊ နှစ် ကြိမ် ၊ သုံး ၊ လေး ၊ ငါး ကြိမ်
ဖြစ်ပြီး နောက်ဆုံးမှာတော့ ငြိမ်သက်သွား၏ ။" ရိပေါ်ပဲ ခေါ်ပါ ကိုယ်က ပိုငယ်တာမလား "
" ဒါပေမဲ့ စီနီယာက စီနီယာ..."
" ရိပေါ်ကို မကြိုက်ရင် ၀မ်ကို ကြိုက်လား "
ဗွမ်း ခနဲမြည်သွားသည့် ရေပြင်ဟာ
ဗုံးတစ်လုံးပစ်ချလိုက်သလို !