___________________________________________
// when we've had our very last kiss
My last request is //___________________________________________
Unicode
မတိုက်ဆိုင်သည့် အားလပ်ချိန်များကြောင့်
သူတို့နှစ်ယောက်အတွက် Dateဖို့အချိန်ဆိုတာ အင်မတိအင်မတန်မှကို ရှားပါးလွန်းနေသည် ။တိုက်တိုက်ဆိုင်ဆိုင်ရသည့် အားလပ်ချိန်များမှာလည်း သာမန်စုံတွဲတွေလို မDateနိုင်ကြသည့်
သူတို့နှစ်ဦးအတွက် အပြင်ထွက်လည်ရမည့်အစား.....။အိမ်တွင်သာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းရှုံ့ရင်း ၊ ရုပ်ရှင်ကြည့်ရင်း ၊ စားရင်းသောက်ရင်း ၊ စရင်းနောက်ရင်းနှင့်ပဲ Date ဖြစ်ကြသည် ။
ဘာမှထူးခြားမှုမရှိသည့် ရိုးရိုး Dateလေးဆိုပေမဲ့
သူတို့ကတော့ တွေ့ရသည့်အချိန်ခဏလေးကိုပဲ
မက်မက်မောမော အလွမ်းသယ်ရင်း အရမ်းကိုမှ ပျော်နေခဲ့ကြတာ ဖြစ်သည် ။" ဟင်း~ ကမ်းခြေသွားချင်လိုက်တာ "
သူ ခွံ့ကျွေးနေသည့် အာလူးကြော်အား ဝါးရင်း
သက်ပြင်းလေးတချချဖြင့် ရေရွတ်နေသံကြောင့်
စိတ်မကောင်းမိ ။ ချစ်သူစဖြစ်ကတည်းက သူတို့အတူ တစ်ခါလေးတောင် ခရီးမသွားဖူးကြဘူး ။" ပင်လယ် ကြည့်ချင်လို့လား "
" ဟင့်အင်း ပင်လယ်ရဲ့နေ၀င်ချိန်ကို
ကြည့်ချင်တာ ၀မ် ကြည့်ပါဦး ! မလှဘူးလား "သူက တစ်ချိန်လုံး ရင်ခွင်ထဲကသူကိုသာ
ကြည့်နေခဲ့လို့ မသိတာဖြစ်ပြီး.....။ဖွင့်ထားသည့် တီဗွီမှာတော့ မင်းသားနှင့်မင်းသမီးဟာ ပင်လယ်ကိုရောက်နေခဲ့ကြပြီး
နေ၀င်ဆည်းဆာကို အတူထိုင်ကြည့်နေကြသည်။" Babe ~ "
" ဟမ် "
" ကိုယ်တို့လည်း ပင်လယ်သွားကြမလား "
" တော်ပါပြီ "
" Babeပဲ နေ၀င်ဆည်းဆာကြည့်ချင်တယ်ဆို "
" အချိန်မှမရှိတာကြီး ဒီလောက်အလုပ်ရှုပ်တာနောက်ပြီး ၀မ်ကလည်း မအားဘူးလေ "