XIV

682 84 12
                                    

___________________________________________

// Red lips and rosy cheeks
Say you'll see me again
Even if it's just pretend  //

__________________________________________

Unicode

နေ၀င်ရီသရောအချိန်တွင် မှောင်လာမှုကြောင့်လူသူမရှိတော့သည့် ကမ်းခြေနားကို သူတို့အတူဆင်းထိုင်နေခဲ့သည် ။

" အချိန်တွေ...ရပ်တန့်သွားရင်ကောင်းမယ် "

အဆုံးမရှိသလို ကျယ်​ပြောနေသော ပင်လယ်ပြင်ကြီးအား ကြည့်ရင်း ခပ်ဆွေးဆွေးဆိုလာသည့်အသံကြောင့် ဘေးသို့စောင်းငဲ့ကြည့်လိုက်သည် ။

တဖြူးဖြူးတိုက်နေသော ပင်လယ်လေကြောင့်
ယိမ်းနွဲ့နေသည့် ထိုလူသား၏ဆံနွယ်များဟာ နဖူးထက်မှာ ပွယောင်းနေသည် ။

" ကိုယ်တော့ မရပ်တန့်စေချင်ဘူး "

စကားသံကြောင့် လှည့်ကြည့်လာသည့် ထိုလူသား၏ဆံနွယ်တွေအား လက်ဖြင့်သပ်ရင်း....။

" ဒီအခိုက်အတန့်ကိုပဲ ထာ၀ရမြဲစေချင်တာ "

" ၀မ် မင်း အောင်မြင်မှုတွေကို....မင်း !
တကယ်မနှမြောဘူးလား ? ! ငါ့ကြောင့်နဲ့အရာအားလုံးကို စွန့်ပစ်လိုက်တာက.....တန်လို့လား~ "

အဖျားခတ်သွားသည့် အသံဟာ အဆုံးမှာသိမ်၀င်သွားသည် ။ ဒီလူသားရဲ့အတွေးတွေထဲ သူ့တစ်ယောက်တည်းရှိအောင် ဘယ်လိုလုပ်ရပါ့ !

တန်လို့လား~တဲ့ ။
သေချာပေါက်မတန်ဘူးပေါ့ !

သူ၏ အောင်မြင်မှုတွေ ၊ ပိုင်ဆိုင်မှုတွေဆိုတာ Babeနှင့်သာ နှိုင်းလိုက်ရင် မြူမှုန်လေးတွေလို
သေးငယ်လွန်းသည် ။ ယှဥ်ဖို့တောင် မတန်ဘူး !

" ကိုယ်မှ Babeကို မစွန့်ပစ်နိုင်တာ "

" ဒါပေမဲ့....."

" တော်တော့ ! ! ! Babeက ကိုယ့်အတွက်
အရာအားလုံးပဲ ! ဒါကြောင့် အရေးမပါတာတွေ
လျှောက်မတွေးနေနဲ့ ကိုယ့်ကိုပဲတွေး ! "

" အင့် ~ "

ခေါင်းငုံ့ထားတာကြောင့် မတွေ့ရသည့် မျက်၀န်းတွေက ငိုနေတာလား ? ! ထွက်လာသည့် ရှိုက်သံ​ကြားကြားချင်း ဆွဲမော့ပစ်လိုက်သည့် မေးစေ့မှတစ်ဆင့် အရည်လဲ့နေသည့် မျက်လုံးတွေ !

Wildest Dreams ( Completed )Tempat cerita menjadi hidup. Temukan sekarang