VIII

733 104 6
                                    

___________________________________________

// Nothing lasts forever
But this is getting good now //

___________________________________________

Unicode

အေးစက်နေသည့် နေရာလပ်မှာ သူ၏
အနွေးဓာတ်လေးအား မခံစားမိတော့တာကြောင့်
အလိုမကျပါပဲ နိုးလာရသည့် မနက်ခင်း ။

" နိုးပြီလား "

ကုတင်ပေါ်က ပြေးဆင်းခါနီး ခြေလှမ်းတွေဟာ
တုန့်ခနဲဖြစ်သွားပြီး ရေချိုးခန်းအ၀ဆီ မျက်လုံးကရောက်သွားသည် ။

တတောက်တောက်ကျနေသည့် ရေစက်တွေဟာ
ဆံစဖျားကနေ ကြမ်းပြင်ပေါ်သို့ စွတ်စိုစေသည် ။
ပခုံးပေါ်မှ အနည်းငယ်လျှောကျချင်ဟန်တူသည့်
ရှပ်အဖြူဟာ ပေါင်ရင်းထိအောင်ဖုံးနေပြီး... ။

" ညကအင်္ကျီတွေပြန်မ၀တ်ချင်လို့ မင်းအင်္ကျီယူ၀တ်ထားတာ စိတ်တော့မဆိုးဘူးမလား "

ခေါင်းငြိမ့်ပြရုံသာတတ်နိုင်သည့် သူ့မှာ စကားပြောနိုင်စွမ်းရယ် ရှိမနေခဲ့တော့ !

မြင်နေရသည့် ​ပေါင်းသားဖွေးဖွေးမှသည် ခြေသလုံးကျစ်ကျစ်နှင့်ဖိနပ်စီးမထားသော ခြေဖဝါးများအထိ အဖုံးအကွယ်ဟူ၍ လုံး၀မရှိ ။

အောက်ခံဘောင်းဘီတောင် ၀တ်မထားဘူး ! ! !

" မင်းဘောင်းဘီတွေက ငါနဲ့ချောင်..အဲ သွေး ! "

အိပ်ရာခင်းအဖြူပေါ် တစ်စက်စက်ကျလာသည့်
သွေးတွေကြောင့် ချက်ချင်း နှာခေါင်းကို အုပ်လိုက်ပြီး ခေါင်းကိုပါ မော့လိုက်သည် ။

" ဘာလို့ နှာခေါင်းသွေးတွေ ထလျှံတာလဲ "

စိုးရိမ်တကြီးဖြင့် တစ်သျှူးလှမ်းပေးလာသူက
မြူစွမ်တိုက်ပြီးကာမှ မသိလို့မေးနေတာလား ? !

" တိတ်ပြီလား ယူဦးမလား "

" ရပြီ ရပြီ "

နှာခေါင်းပေါက်နှစ်ဖက်မှာ တစ်သျှူးစလေးစို့လို့
သူဟာ မတော်တော့သည့် ဘောင်းဘီတစ်ထည်အား ဗီရိုထဲတွင် မွှေနှောက်ရှာသည် ။

" ဒါ...ဒါ၀တ်လိုက် "

" နေမကောင်းဘူးလား ၀မ် "

Wildest Dreams ( Completed )Tempat cerita menjadi hidup. Temukan sekarang