___________________________________________
// Say you'll remember me
standing in a nice dress
Staring at the sunset, babe //
___________________________________________Unicode
လွှင့်ပစ်လိုက်သည့် နေကာမျက်မှန်နှင့်အတူ
လွင့်ထွက်သွားသည့် ဦးထုပ်တစ်လုံး ။ ဖယ်ရှားခံလိုက်ရသည့် Maskသည်လည်း မလိုတော့ပေ ။" ဟားးး ခုမှပဲ လွတ်လပ်သွားတော့တယ် ! "
" ဒီထက် ပိုလွတ်လပ်ချင်ရင်
အင်္ကျီတွေပါ ချွတ်လေ Babe "" ၀မ် ရိ ပေါ် ! ! ! ! ! "
" စတာ စတာ ! မထုနဲ့လေ Babe !
ကိုယ် ကားမောင်းနေတယ်လို့ ! "အကွေ့အပတ်များသည့် တောင်တက်လမ်းမှာယိမ်းထိုးနေသည့် ကားလေးတစ်စီး ။
" ဘယ်ကိုသွားနေတာလဲ "
" လူတွေနဲ့ဝေးတဲ့အရပ်ဆီ "
ဖိနင်းလိုက်သည့် လီဗာကြောင့် တရှိန်ထိုး တိုး၀င်လာသည့် လေထုဟာ ချမ်းစိမ့်စိမ့် ။ ဆုပ်ကိုင်ထားသည့် လက်ဆီမှ အနွေးဓာတ်ကို ပိုမိုရရှိဖို့ငှာ တင်းကြပ်စေလိုက်သည့် လက်ချောင်းတွေဟာ ယှက်နွယ်သွားပြီး တစ်သားတည်းဖြစ်လျက် !
တစ်နေ့က ဒီလက်ကို
လွှတ်ချခဲ့ဖူးတာ မှတ်မိပါသေး၏ ။" မင်းတို့ ဘယ်သူ့ကို ရှာနေတာလဲ "
အကောင်လိုက်မှ ထွက်မပြရင် မတွေ့ကြမည့်
ငချွတ်လေးတွေက သနားစရာပင် ။" ဒီပုံပို့လိုက် ငါ့ကိုရှာတွေ့ပြီလို့ "
စသိကြတဲ့ ရေကန်နားမှာ ငါစောင့်နေခဲ့တယ် ။
ဖြူလုံးလုံး ကျောက်စရစ်ခဲလေးတစ်လုံး ရေပြင်ပေါ် ရှပ်ပြေးသွားတာ.....သုံး ! လေး ! ငါးကြိမ် !မင်းရောက်လာမှာလား ၀မ် ? !
" Babe "
မြုပ်သွားတဲ့ ကျောက်စရစ်ခဲကို
ကြည့်ပြီး ပြုံးလိုက်တယ် ။မင်းကိုယ်တိုင် ငါ့ဆီလာခဲ့တာ ၀မ် !
" ငါ မင်းကို လက်လွှတ်မပေးနိုင်ဘူး "