VII

727 95 8
                                    

___________________________________________

// His hands are in my hair
His clothes are in my room
And his voice is a familiar sound //

___________________________________________

Unicode

တစ်ခုပြီးတစ်ခု ပြုတ်ကျနေသော ပစ္စည်းများကို
ဂရုမထားနိုင်စွာ နက်ရှိုင်းသည့်အနမ်းတွေကိုပဲဆက်တိုက်ဖန်တီးမိသည် ။

ငန်ကျိကျိ သွေးအရသာဖြင့် ပေါက်ပြဲကုန်သည့်နှုတ်ခမ်းတွေ ။ နူးညံ့သည့် အထိအတွေ့ကြောင့်ပြန့်ကြဲကုန်သည့် အ၀တ်စားတွေ ။

" ဟာ့ ~ အ့ ~ "

ညည်းသံသဲ့သဲ့နှင့်အတူ သူ့ ဆံစတွေကြား သျှို၀င်လာသည့် လက်ချောင်းသွယ်သွယ် ။
ဆွဲဆုပ်ခံရခြင်းကြောင့် ထုံကျဥ်လာသည့်
ဦးရေပြားဟာ ထပ်မံဖိချခံလိုက်ရပြီး... ။

" အဟွတ်..ဟွတ် "

" ရ..ရရဲ့လား ငါ..ငါ...စိတ်လွတ်သွားလို့ "

" ရတယ် ဘာမှမဖြစ်ဘူး "

စကားပြောလိုက်သည်နှင့် နှုတ်ခမ်းထောင့်မှ
စီးကျလာသော ခပ်ချွဲချွဲများအား လျှာသပ်ပြီး
ပြန်ယက်သိမ်းလိုက်သည် ။ သူက ဒီအတိုင်းပြုမူလိုက်သော်ငြား ထိုအခြင်းအရာကိုမြင်သွားသည့်တစ်ယောက်သောသူမှာတော့ နားရွက်ဖျားလေးတွေ နီသွားလေသည် ။

အဟက် ! ရှက်နေတာလေးက ချစ်စရာလေး !

" ချိုတယ်သိလား ~ "

နား အနားလေး လေတိုးသံဖြင့် ကပ်ပြောတော့အဖျားလေး နီနေရာမှ တစ်ခုလုံးနီးပါးရဲတွတ်လာသည့် နားရွက်တွေ ! ငုံ့ချသွားသည့် ခေါင်းဟာလည်း အိပ်ရာခင်းဖြူဖြူကိုသာ စိုက်ကြည့်ရင်း !

" နှုတ်ခမ်းကို မကိုက်နဲ့ "

မေးဖျားလေးမှ ဆွဲမော့သည်နှင့် ဖိကြိတ်ကိုက်ထားသည့် နှုတ်ခမ်းပါးလေးဟာ ရဲသွေးကြွလျက် သူ၏ ဆာလောင်မှုကို ဖိတ်ခေါ်နေသယောင် !

" ကိုယ့်ကို နမ်း ! "

နဘေးရှိစောင်စအား ချေမွနေသည့် လက်ချောင်းတွေကြား သူ၏ လက်ဖြင့် ယှက်နွယ်ဆုပ်ကိုင်လိုက်ပြီး ပိုမိုသိပ်သည်းပစ်စေသည့် အနမ်းတွေနောက် ကိုယ်ပါ ကိုင်းချလိုက်သည့်အခါ... ။
ထပ်လျက်သား လှဲကျသွားသည့် ကိုယ်နှစ်ခု၏
အောက်ပိုင်းတွေဟာ ပွတ်တိုက်သွားသည် ။

Wildest Dreams ( Completed )Where stories live. Discover now