___________________________________________
// Someday when you leave me
I bet these memories
Follow you around //
___________________________________________Unicode
" ငါ မင်းကို စုံစမ်းခိုင်းထားတဲ့ ကိစ္စဘယ်လိုလဲ "
" အကုန်စီစဥ်ပြီးသွားပါပြီ အစ်ကိုလေး "
သူ၏ မန်နေဂျာပြလာသော ဖုန်းထဲမှပုံသည်....
ပင်လယ်ရှူခင်း ကောင်းကောင်းမြင်ရပြီး
လူရှင်းကာ ချောင်ကျသည့် ပတ်၀န်းကျင်၌
ကျယ်၀န်းသေသပ်စွာ ဆောက်လုပ်ထားသော ဘန်ဂလိုတစ်လုံးပင် ။ အခန်းတည်ဆောက်ပုံဟာ
အိမ်တစ်လုံးကဲ့သို့ သူ့နေရာနှင့်သူ ပြည့်စုံလှ၏ ။" ရှာထားတာ တော်တယ် "
ဖုန်းကို မန်နေဂျာထံ ပြန်ပေးလိုက်ပြီး ပြတင်းကတစ်ဆင့် တိမ်တွေကို သဘောတကျငေးသည် ။
တစ်လကြာရမည့် အလုပ်အား နှစ်ပတ်ကျော်
သုံးပတ်တည်းနှင့် အပြတ်ဖြတ်လာခဲ့သည့် သူ၏ ရုတ်တရက်ပြန်လာခြင်းကို တစ်ယောက်သူက
ဘယ်လိုတုံ့ပြန်မှာပါလိမ့် ? !ကြောင်သွားမလား ? ပြေးဖက်မှာလား ? မျက်ရည်ဝဲပြီး ကြို...ဒါတော့ နည်းနည်းဒရမ်မာဆန်သွားပြီ ထင် ! ဘာနေနေ !သူတော့ Babeကို Surpriseတိုက်ဖို့ရာ အရမ်းကို
စိတ်လှုပ်ရှားနေမိတာပဲ သိတော့သည် ။[ လမ်းခွဲကြရအောင် ၀မ် ]
ဖုန်းလိုင်းရသည့် နေရာသို့ ရောက်ရောက်ချင်း
များပြားစွာ၀င်နေသော စာတွေကြားမှ ထင်းနေသည့် ချစ်ရသူဆီမှပို့သည့် ခပ်တိုတို message !ထွေပြားသွားသည့် စိတ်အစုံဟာ နားမလည်နိုင်မှုနှင့်အတူ ထုတ်မိသည့် မေးခွန်းတိုင်းဟာလည်း အနီပြခံလိုက်ရသည် ။ ထိုကဲ့သို့ Acc တိုင်းနီးပါး Blockခံထားရပြီးနောက်တွင် သွေးရူးသွေးတန်း ခေါ်ဆိုမိသည်က နံပါတ်တစ်ခု !
ခေါ်ဆို၍မရနိုင်ပါဟူသော စကားစုအားအကြိမ်ကြိမ်နားထောင်ပြီးတော့ စိတ်တိုလွန်းစွာပစ်ခွဲလိုက်သည့် ဖုန်းလေးဟာလည်း တစ်စစီ ။
