___________________________________________
// I can see the end as it begins
My one condition is //___________________________________________
Unicode
မီးရောင်တစ်ဖျတ်ဖျတ်လက်နေသည့်
ကင်မရာများစွာ ရှေ့မှာ ဟန်ဆောင်ပြုံးရင်း
ကော်ဇောနီပေါ် လျှောက်လှမ်းလာသည့်အခိုက် !" ဟိုမှာ မင်းသား၀မ်ရိပေါ် နဲ့
မင်းသမီးမေလွိဟန်တို့ လာပြီ "ကားအဖြူအရှည်ကြီးဆီ ပြေးသွားကြသည့်
သတင်းထောက်တစ်အုပ်ကြားတွင် မကြာမီပဲ
ကားတံခါးဟာ ပွင့်ဟလာခဲ့သည် ။ညဥ့်နက်မှာ လင်းလက်နေသည့် ကြယ်ကလေးတစ်ပွင့်လို ဖိတ်ဖိတ်တောက်နေသည့် အရှိန်အဝါဆိုတာ ထိုလူ့အနားမှာပဲ ပျံဝဲနေသည့်အရာမျိုး ။
မကြာသေးခင်ကမှ မလွတ်တမ်းဆွဲထားပါမည်ဆိုသော လက်တစ်စုံဟာ အခုများကျတော့
သူတစ်ပါး လက်ဖဝါးအား ဆုပ်ကိုင်ထားလို့ရယ် !ဘယ်လိုပဲ လုပ်ငန်းသဘောအရဖြစ်ပါစေဦး ။
ချစ်ရသူကို လက်တွဲခွင့်တောင် မရနိုင်ဘူးဆိုတဲ့အသိက အနည်းနှင့်အများတော့ နာကျင်သည် ။ ဒါပေမဲ့ ဒီနာကျင်မှုကို အသားမကျ ကျအောင် အခုကစပြီး ကြိုးစားထားမှရမည် ။သ၀န်တိုလို့မရနိုင်တဲ့ လူကိုမှ ချစ်မိသွားတော့
မနာလိုဖြစ်နေရင်လည်း အပိုတွေပဲဖြစ်မှာပေါ့ !
" Chemistry မိလိုက်တာ ဟယ် "" ရှေ့သွားနောက်လိုက်ကို ညီနေရော "
ချဥ်စူးနေသည့် လေထုကြီးက ပတ်ပတ်လည်မှာ ၀န်းရံထားသည်များ အသက်ရှူပါ ကျပ်သည် ။
ဒီနေရာက ပြေးထွက်သွားချင်တယ် !
" ကျန့်ကျန့် ! ဇာတ်ကားအတွက်
အဖွဲ့လိုက်ပုံရိုက်ကြမယ်တဲ့ သွားလိုက်ဦး ""....." (ချောင်ထဲမှာပဲ အေးဆေးနေပါရစေ)
" သွားပါဆို ဘာလုပ်နေတာလဲ ကျန့်ကျန့် ! "