___________________________________________
// He's so tall and handsome as hell
He's so bad, but he does it so well //___________________________________________
Unicode
" အား ! နာတယ် ! ! နာတယ်လို့ ! ! ! "
လက်မောင်းထက် သွေးစို့သွားသည်အထိ
ကိုက်ခံလိုက်ရသည့် သွားရာမှာ အကွင်းလိုက် !" မှတ်ပြီလား အဲ့မှာ ! "
" Babeကကွာ "
" ငါ မင်းကို သ၀န်မတိုဘူးလို့ ! ရိပေါ် ! "
လက်မောင်းမှ ကိုက်ရာအား အသာထိလိုက်ပြီး
သက်ပြင်းယဲ့ယဲ့ချကာ.....။" ဟုတ်ပြီ ဟုတ်ပြီ "
" ဘာလဲ ? ! အဲ့ဒီ မယုံတဲ့အသံကြီးက !
ငါမင်းကို တကယ်သ၀န်တိုမနေတာနော် ! "" အင်း...သိပြီ "
" ဘာသိတာလဲ ? ! ငါမင်းကို တကယ် တကယ်
လုံး၀ လုံး၀ကြီးကို သ၀န်မတိုတာပါဆို ! "နောက်တစ်ခါ ထပ်ချလိုက်သည့်
သက်ပြင်းမောသည် ရှည်လျား၏ ။" ကိုယ်ပြောမယ် Babe !
သ၀န်က မတိုလည်းရတယ် တိုလည်းဖြစ်တယ် !
ကိုယ့်အနေနဲ့ဆိုရင်တော့... Babe သ၀န်တိုတာကို
ပိုလိုချင်တာ ! ကိုယ့်ကို စိတ်မချဖြစ်နေရင်တော့ ပိုပြီးပျော်မိမယ်ထင် !အဓိကက Babe ~ စိတ်ခံစားချက်တွေကို
သို၀ှက်စရာမလိုဘူး ။ ကိုယ့်ကို အရှိ အရှိအတိုင်းထုတ်ပြလို့ရတယ် ။ သ၀န်တိုရင်တိုတယ်ပေါ့ !
၀မ်းနည်းရင် ၀မ်းနည်းနေတယ်ပေါ့ ! စိတ်တိုရင်လည်း စိတ်တိုတယ်ဆိုပြီး ပေါက်ကွဲလိုက် !ဘယ်လိုနေနေ ကိုယ်က Babeကို ချစ်တာမို့
စိတ်တိုင်းကျ လွတ်လွတ်လပ်လပ်ပြော ! ဆို ! ""......."
" ကိုယ်ပြောတာ နားလည်လား "
" အင်း "
လက်ထိပ်တွေအား အချင်းချင်း ဖဲ့နေသည့် လက်ကလေးအား ဆွဲယူဆုပ်ကိုင်လိုက်ရင်း.....။