___________________________________________
// He's so tall and handsome as hell
He's so bad but he does it so well //___________________________________________
Unicode
" အကောင်းဆုံးကြိုးစားခဲ့တယ် ရှောင်ကျန့် ! "
ရိုက်ကူးရေးပြီးသည်ထိ အမြဲဆူငေါက်နေသည့်
ဒါရိုက်တာက နောက်ဆုံးတော့ ပခုံးကိုပုတ်ကာ
ချီးကျူးစကားဆိုလာခဲ့ပြီ ။ ပျော်ရွှင်နေသည့်
စိတ်အစုံဟာ တစ်နေရာတည်းသို့ ဦးတည်သည် ။ခေါင်းငြိမ့်ကာ ပြုံးပြနေသူအား ရှာတွေ့သည်နှင့်
ပြေးသွားလိုက်ပြီး ပခုံးချင်းတိုက်လိုက်သည် ။" ဒါတွေအကုန် မင်းကျေးဇူးပဲ ရိပေါ် ! "
" ကျန့်ကော တော်လို့ပါ အင့် "
လက်ထဲရောက်လာသည့် နှင်းဆီပန်းစည်းက
နည်းနည်းနောနောပေလား ? !ဧရာမ နှင်းဆီပန်းစည်းကြီး !
" ဘယ်နှပွင့်တောင်လဲ "
" အပွင့်တစ်ရာတည်းပါ "
" တစ်ရာ ! တစ်ရာကို တည်းလို့ ပြောလိုက်တာလာနောက်နေသလား ၀မ်ရိပေါ် "
နှာခေါင်းရှုံ့ပြီး ပြောတော့ ခပ်ဟဟရယ်နေသူ ။
" အာ ဟုတ်သား ! ငါဘာမှမပြင်ထားမိဘူး "
" ဘာကိုလဲ "
" မင်းအတွက် ပန်းစည်းလေ ငါမေ့နေတာ
ဒီနေ့က ရိုက်ကူးရေးနောက်ဆုံးနေ့ဟာကို "အရေးကြီးတာကို မေ့ရလားဆိုပြီး ကိုယ့်ခေါင်းကို
ခေါက်မိတော့ တားဆီးလာသည့် လက်တစ်စုံ !" မလိုဘူး ဟိုဟိုဒီဒီက အများကြီးရပြီးလို့
ထားစရာ နေရာတောင်မရှိဘူး "" အဲ့တာတွေက ငါပေးတာမှမဟုတ်တာ
ခဏစောင့် ဒီနားက ပန်းဆိုင်မှာ
အခုချက်ချင်းသွား၀ယ်လိုက္မယ် ခဏပဲ ! "
![](https://img.wattpad.com/cover/325287906-288-k192264.jpg)