XI

634 94 4
                                    

___________________________________________

// You'll see me in hindsight
Tangled up with you all night
Burning it down //
___________________________________________

Unicode

လက်သီးကို တင်းတင်းစုပ်လို့ အသက်ကို မနည်းရှူကာ နားထောင်နေရသည့် လေပြေအေးတရားက ကျွတ်တန်း၀င်နိုင်ဖွယ်ရာ !

ရုပ်ရှင်တွေထဲကလို ငွေထုပ်နဲ့ပေါက် ရေနဲ့ပက်လို့
စော်ကားမော်ကားပြောလာရင် ရှောင်ကျန့်တို့ကပြန်အရွဲ့တိုက်ပြလိုက်မှာဖြစ်ပေမဲ့ ယဥ်ကျေးချိုသာစွာ ကောင်းကောင်းမွန်မွန် ပြောနေခဲ့သည့် ရိပေါ်မားမားကိုတော့ ဘယ်လိုတုံ့ပြန်လိုက်ရမလဲ မတွေးတတ်ခဲ့ ။

ပြောသွားသမျှ စကားတစ်ခွန်းစီတိုင်းက
အမှန်တရားတွေချည်းမို့ ခါးသက်လှသည် ။

" အန်တီအနေနဲ့ ပြောစရာက ဒီလောက်ပါပဲ
ကျန်တာ ကိုယ့်ဘာသာ ဆုံးဖြတ်ကြည့်ပေါ့ "

အေးဆေးတည်ငြိမ်စွာ ထွက်သွားသည့် သူ(မ)၏
နောက်ကျောပြင်အား တွေငေးကြည့်မိသည် ။
လုံး၀ကို ခေါင်းငိုက်စိုက်လျက် ခန္ဓာကိုယ်နှင့်
ဆန့်ကျင်စွာ ယောက်ယက်ခက်နေသည့် အတွေးပေါင်းစုံဟာ တောင်ရောက် မြောက်ရောက် !

သဘောတူသည်လည်းမဟုတ် မတူသည်လည်းမဟုတ်သော ရိပေါ်၏မားမားက သဘာ၀ကို ဖီဆန်သည့် ဆက်ဆံရေးအတွက် ဖြစ်လာနိုင်မည့် အကျိုးအကြောင်းများကို အသေအချာသတိပေးသွားခဲ့သည် ။

" သားအနေနဲ့ အန်တီ့သားအတွက် အရာအားလုံး ကို စွန့်လွှတ်ပေးနိုင်တာလား ? ! ဒါ့ကြောင့်နဲ့ သား အခု ရထားသမျှ အောင်မြင်မှုတွေအကုန် ! သဲထဲရေသွန်သလိုမျိုး ဖြစ်သွားရင်ကော "

ဖြစ်၏ ။ သဲထဲရေသွန်သလိုမျိုး မကလို့
ရေထဲပဲ သဲတွေပုံးလိုက် မှောက်ထည့်ရပါစေဦး !
၀မ်ရိပေါ်အတွက် အရာအားလုံးစွန့်လွှတ်ရလည်း
ကိစ္စရယ် ရှိမနေပါ ။

အောက်ခြေမှတက်လာခဲ့သည့်အတွက် ဟိုးးး
အောက်ဆုံးထိ ပြန်ရောက်သွားခဲ့ရင်လည်း
ထူးပြီး ကြောက်စရာ မရှိ !

၀မ်သာ အနားရှိမယ်ဆို အရာရာဖြစ်၏ ။

" ဒီနိုင်ငံက လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုသလို တွဲသွားတွဲလာအဆင့်တောင် ရှုံ့ချတာနော်
ဘယ်ဘက်ကပြေးပြေး ဝေဖန်ကဲ့ရဲ့မှုတွေဆီကမလွတ်နိုင်လောက်ဘူး ~ သေချာစဥ်းစားကြည့် !

Wildest Dreams ( Completed )Tahanan ng mga kuwento. Tumuklas ngayon