___________________________________________
// Even if it's just stayed
in your wildest dreams //
___________________________________________Unicode
" မွေးရပ်မြေရောက်တုန်းတော့ ဖုန်းကို လက်ကချပြီး ရှူခင်းလေးဘာလေးလည်းကြည့်ပါဦး "
" ခဏ ! ခဏ ! နောက်ဆုံးပိုင်းရောက်နေလို့ "
ခုခေတ်ကလေးတွေ ဖုန်းစွဲသည့်
ရောဂါဟာ တော်တော့်ကို ဆိုးဆိုးပင် ။ခေါင်းကြီးပါဖုန်းထဲ၀င်တော့မည့် တူမဖြစ်သူအား ခေါင်းခါလိုက်ရင်း ကြိုဆိုပါ၏ ဆိုင်းဘုတ်အား ဖြတ်၀င်လိုက်၏ ။ တူမလေး၏မွေးရပ်ဖြစ်ပြီး သူ၏နေရပ်ဖြစ်သည့် အနှီဆိပ်ကမ်းမြို့လေးဟာ ဟိုအရင်အတိုင်း အေးချမ်းသာယာလှသည် ။
" နောက်ဆုံးတော့လည်း...ဒီလိုပြီးသွားတာပဲ ! "
" ဘာတွေမကျေမနပ်ဖြစ်နေတာလဲ "
တော်တော်ကျယ်သည့် သက်ပြင်းချသံဟာ
ကားကျဥ်းကျဥ်း
လေးထဲ ပျံ့လွင့်သွားသည် ။" မင်းသားက မင်းသမီးနဲ့ညားသွားတယ်လေ "
" ဟမ် ? ! "
" ဟင်း~ ဦးလေး နားမလည်ပါဘူး ! "
" ဘာကိုလဲ ? !
မင်းသားဆိုတာတော့ မင်းသမီးနဲ့ပဲ ညားမှာပေါ့ ! ဒုတိယမင်းသားနဲ့ ညားပါ့မလား ? ! "" အင်း~ သမီးက...
ဒုတိယမင်းသားနဲ့ ညားစေချင်တာ "" ရူးနေလား ? ! နင်ကြည့်နေတာ Normalကား !
အဲ့တာကြောင့် ငါ့အစ်မ နင့်အမေက ပြောတာပေါ့ နင့်ကို BLကားတွေလျှော့ကြည့်ဖို့ ! "" ဟွန့် ! "
ကားအား ဂရုတစိုက်မောင်းနေရင်း မျက်စိရှေ့ပေါ်လာသည့် Tabletကြီးကြောင့် Steerတိုင်တောင် မှားကွေ့မိတော့မလိုဖြစ်သွားသည် ။
" ဒီမှာကြည့် ! မင်းသားက ဒုတိယမင်းသားကို ကြည့်နေတာလေ မင်းသမီးကို ကြည့်တာထက်တောင် ပိုနူးညံ့သေးတယ် ! ဘယ်သူကြည့်ကြည့် ဒါက ချစ်ခြင်းတွေပြည့်နေတဲ့ မျက်၀န်းတွေပဲ "
" တော်ရုံရူးဟ ! အကုန် မသာပေါ်ကုန်မယ် ! ! ! "
ဟောက်လိုက်မှ ငြိမ်သွားသည့် တူမဖြစ်သူဟာ
တစ်ဖက်လှည့်ရင်း ကားမှန်ကိုသာကြည့်သည် ။