𝙀𝙒𝙓 3 ♡

5.2K 353 13
                                    

(Unicode)

^ချင်းအိမ်ရှေ့စံရဲ့ကြင်ယာတော်လောင်းအပေါ် ဧကရာဇ်ဝမ်ရိပေါ်ကလုံးဝကျရှုံးနေပြီး^

ဒီနေ့ကတော့ ရှောင်းကျန့်နဲ့မိန်ရီက နန်းပြင်ထွက်လို့ရှောင်းအိမ်တော်ကိုပြန်ရမယ်နေ့ဖြစ်တယ် ရှောင်းကျန့်ကအားနည်းနေတာကိုအကြောင်းပြပြီး ရှောင်းအိမ်တော်မှာပြန်အနားယူချင်းကြောင်း ဟွမ်ဟုတ်နဲ့အိမ်ရှေ့စံစီခွင့်တောင်းခဲ့တာဖြစ်တယ် အိမ်ရှေ့စံမင်းသားကမလွှတ်ချင်းပေမယ်လည်း မျက်နှာမကောင်းတဲ့ရှောင်းကျန့်ကြောင့်လွှတ်လိုက်ရတယ်ဆိုတာကိုရှောင်းကျန့်ကသိတယ် နောက်ထပ်လည်းအိမ်ရှေ့စံကသူ့အတွက်ကိုယ်ရံတော်တွေကိုထည့်ပေးဖို့လုပ်ပေမယ့် သူကအေးဆေးအနားယူချင်တာမို့ မထည့်ပေးပါနဲ့လို့ တောင်းဆိုလိုက်ရသေးတယ်

သူ့ကိုအရိပ်တကြည့်ကြည့်လုပ်နေမယ့် ကိုယ်ရံတော်တွေပါနေရင် သူနဲ့ဝမ်အရှင်မင်းကြီးရဲ့ကစားပွဲက ပျော်စရာဘယ်ကောင်းတော့မလဲ ဒါပေမဲ့လဲစိတ်မချတာကြောင့် ရှောင်းအိမ်တော်ရှေ့ထိတော့ ကိုယ်ရံတော်တွေကိုထည့်ပေးလိုက်ရပါစေလို့ ထပ်ပြောလာတဲ့အိမ်ရှေ့စံကြောင့်ရှောင်းကျန့်ကမငြင်းသာပဲနဲ့ခေါ်လာလိုက်ရတယ် ဒါ့အပြင် မိဘုရားကြီးဟွမ်ဟုတ်ကပါ စိတ်သဘောထားနူညံလွန်းတဲသူမရဲ့ချွေးမလောင်လေးက ရှောင်းအိမ်တော်ရောက်ရင် ထပ်အနိုင်ကျင့်ခံရမှာစိတ်ပူလို့ဆိုတဲ့စကားနဲ့ မရမက သူမရဲ့အနီးကပ်အစေခံရှင်းယွမ်ကိုပါထည့်ပေးလိုက်သေးတယ်

ရှောင်းကျန့်ကမခေါ်ချင်းပေမယ့်လည်း ရှင်းယွမ်ကိုမခေါ်သွားရင် ကျန့်အားလဲမသွားရဘူးဆိုတဲ့ မိဘုရားကြီးဟွမ်ဟုတ်ရဲ့အမိန့်ကြောင့် မလွဲသာပဲခေါ်လာလိုက်ရတယ်

~~~~~~~~~~

"ဟွန့်"

ရှောင်းအိမ်တော်ဝန်းထဲရောက်တာနဲ့ ရှောင်းကျန့်ကနှာရှုတ်လို့ ဝေါယဉ်ပေါ်ကဆင်းဖို့ပြင်လိုက်တယ်
ညတိုင်းသူအဆောင်ကို‌ခိုးဝင်ပြီး လာလာနမ်းတက်တဲ့ ဝမ်အရှင်ရဲ့မျက်နှာဖုံးကိုခွာချချင်းလိုသာ ရှောင်းအိမ်တော်ကိုပြန်လာရတာ ဖြစ်နိုင်ရင်ဒီအိမ်ရဲ့အရိပ်ကိုတောင်ရှောင်းကျန့်ကနင်းချင်းတာမဟုတ်ဘူး

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now