𝙀𝙒𝙓 12 ♡

4.1K 238 9
                                    

(Unicode)

^ဝမ်အရှင်ရဲ့အပြစ်ပေးချင်းနဲ့ချီမြှောက်ချင်း^

"ကိုယ်တော်ချစ်မြတ်နိုးရတဲ့ရှောင်းကျန့်ကိုပထမဇနီးအဖြစ်တင်မြှောက်ပြီးအနောက်ဆောင်အာဏာကိုလွဲအပ်ပေးမယ် မင်္ဂလာပွဲကိုကိုယ်တော့်မွေးနေ့ပွဲနဲ့အတူကျင်းပမယ် ဒါ့အပြင်ဖေးယွမ်းရှင်းကို ကွေ့ဖေးအဖြစ်ချီမြှင့်ပြီးကိုယ်‌လုပ်တော်ရန်ကိုဖေးအဖြစ်ချီမြှင့်မယ်
အနောက်ဆောင်မှကိုယ်ထက်ရာထူးငယ်တဲ့သူတွေကိုအနိုင်ထက်စီးနင်းပြုမူဆက်ဆံနေတဲ့ကွေ့ဖေးချင်းလီးကို ဖေးအဆင့်သို့ရာထူးချမယ် ကွေ့ဖေးချင်းလီးနဲ့အတူမောက်မာရိုင်းဆိုင်းနေတဲ့ဖေးယင်းမီကိုပါဖင်အဆင့်ထိရာထူးချမှတ်မယ် ကိုယ်တော့်အမိန့်ကိုကန်ကွက်ချင်းတဲ့သူတွေကတော့ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အခုထဲကဝမ်အင်ပါယာကနေထွက်သွားလို့ရပါပြီး"

ရိပေါ်ရဲ့အမိန့်စကားအဆုံး ကန့်ကွက်ချင်းနေတဲ့အမတ်တစ်ချို့ရှိပေမယ့် အသံတော့မထွက်ရဲကြဘူး ဝမ်အင်ပါယာကထွက်သွားဆိုတာက အမည်ခံသက်သက်ပဲ တကယ်တန်းကနယ်နှင်ဒဏ်ပေးလိုက်တာနဲ့အတူတူပဲမလား သူ့တို့သဘောတိုင်းရှောင်းကျန့်ကဧကရီနေရာနဲ့မသင့်တော်တာမို့လို မတင်မြှောက်တော့ပါဘူးဆိုတဲ့အရှင်က အခုရှောင်းကျန့်ကိုပေးလိုက်တာကဧကရီတစ်ပါးရဲအာဏာတွေပဲ့မလား ရိပေါ်ကတော့မျက်နှာပျက်နေတဲအမတ်တွေကိုကြည့်ပြီးလှောင်ပြုံး ပြုံးလိုညီလာခံကနေထွက်လာလိုက်တယ်

ကိုယ်ပိုင်အဆောင်ရှိနေတဲ့‌ယွမ်းရှင်းကကွေ့ဖေးအဖြစ်တာချီမြှင့်ခံရပြီး ကိုယ်ပိုင်အဆောင်မရှိတဲ့ရန်ချီကတော့ဖေးအဖြစ်ချီမြှင့်ခံရတဲ့အပြင် ကိုယ်ပိုင်အဆောင်ပါချီမြှင့်ခံရတယ် ရှောင်းကျန့်ကတော့တရားဝင်ဇနီးအဖြစ်ချီမြှင့်ခံရပေမယ့် ကိုယ်ပိုင်အဆောင်တော့မချီမြှင့်ခံရဘူး ရှောင်းကျန့်စိတ်ထဲမတင်မကျဖြစ်သွားပေမဲ့ ဘာမှတော့ရိပေါ်ကိုထုပ်မပြောဖြစ်ဘူး ဒါအပြင်အခုသူနေနေရတဲ့နဂါးဆောင်ကနန်းတော်ထဲမှာအကြီးဆုံးအဆောင်မလား

ရာထူးချခံရတဲ့ချင်းလီနဲ့ယင်းမီကတော့ မကြေနပ်လိုသောင်းကြမ်းရုံမှအပ ဘာမှမလုပ်နိုင်ကြဘူး တစ်ချိန်ကြရင်ကလဲ့စားပြန်ချေမယ်လိုတော့စိတ်ထဲတွေးမှတ်ထားကြတယ် ဘယ်လိုပဲဖြစ်ဖြစ်သူမတို့မှာတောင့်တင်းတဲ့နောက်ခံအင်းအားရှိနေသေးတာပဲ

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now