Attention ‼️ Yibo Birthday PJ 🫶

301 19 2
                                    

(Unicode)

လူအများစုရဲ့ဘဝက အမေဗိုက်ထဲကနေ အပြင်လောကကြီးနဲ့အစထိတွေ့နိုင်ဖို့အတွက်ဆေးရုံကနေစတင်ကြရတယ် အဲ့ဒါကသူအတွက်တော့မဟုတ်ဘူး

သူရဲ့ဘဝကလည်းဆေးရုံကနေစတင်ခဲ့ပေမယ့် သူများတွေလိုမွေးကင်စအရွယ်တော့ဟုတ်မနေဘူး မူးဝေနေတဲ့ခေါင်းနဲ့အတူ သူကနိုးထလာရပြီး သူတစ်ကိုယ်လုံးကလည်း မီးရထားနဲ့ကြိတ်ခံထားရသလိုနာကျင်ခံစားနေရတယ်

"အခန်း0005ကလူနာသတိရလာပါပြီး ဆရာဝန်မြန်မြန်ခေါ်ပေးကြပါ"

သူနားဝိုင်းလာပြီး သူတစ်ကိုယ်လုံးကိုစိတ်လှုပ်ရှားစွာသေသေချာချာစစ်ဆေးနေတဲ့ဆရာဝန်နဲ့ Nurse တွေကိုကြည့်ပြီး သူကစိတ်ရှုပ်သွားရတယ် အခုဘာတွေဖြစ်နေတာလဲ သူဘာလိုဒီလောက်ထိစစ်ဆေးနေကြလဲ သူတကယ်မသိဘူး

"ဘာဖြစ်နေကြတာလဲ"

"မင်းဘယ်သူလဲဆိုတာကိုမှတ်မိလား"

"ကျွန်တော်လေ ကျွန်တော်ကဘယ်သူဖြစ်ရမှာလဲ ကျွန်တော်ကကျွန်တော်ပဲပေါ့ Netherlandsကဘုရင်ဖြစ်ရမှာလား"

"ဒါဆိုမင်းနာမည်ကရော မင်းနာမည်ဘယ်လိုခေါ်လဲ"

"ကျွန်တော်နာမည်က....."

သူကဘယ်လောက်ပဲစဉ်းစား စဉ်းစား သူ့နာမည်ကိုဘယ်လိုမှစဉ်းစားလိုမရဘူး နောက်ပြီးသူကအမှန်တကယ်ဘာမှမမှတ်မိတဲ့အပြင် အခုလက်ရှိသူ့‌ဦးနှောက်ကဗလာသက်သက်ဖြစ်နေတယ် ဒါကဘာအခြေနေကြီးလဲ သူနာမည်ကရောဘာလဲ? သူကဘယ်သူလဲ? မဟုတ်မှလွဲ သူအတိတ်မေ့သွားတာလား?

Note

ဒါလေးကတော့ ဒီနှစ်‌ဝမ်သခင်လေးရဲ့မွေးနေ့မှာ ကိုယ်ရောင်းမယ်ဆိုတဲ့ BJYX One Short fic ပါ One Short ဆိုပေမယ့် စာမျက်နှာ 100 နီးပါးရှိပါတယ်

Amount ကိုတော့ အားလုံးပဲဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင်လို 1500 ကျပ် သတ်မှတ်ထားပါတယ် ဒီထက်ပိုပြီး ပါဝင်ချင်လဲရသလို သတ်နှိင်တဲ့ပမာဏလေးနဲ့ပါဝင်ချင်ရင်လဲရပါတယ်

Fic ရောင်းရသမျှအားလုံးကို ဝမ်သခင်လေးနာမည်နဲ့ လိုအပ်နေတဲ့တိတိလေးတွေရဲ့ဂေဟာတွေစီမှာအကုန်ခွဲလှူသွားပါမယ် ကိုယ်ကအလုပ်တစ်ဖက်နဲ့ဖြစ်တာမို့ တစ်ယောက်ချင်းရဲ့စာရင်းတွေဘာတွေလဲ တင်ပေးနိုင်ချင်မှတင်ပေးနိုင်မှာပါ ရသမျှငွေအမောက်ကိုတော့တင်ပေးသွားပါမယ် ဒါကြောင့်မို့ယုံကြည်မှပဲလာဝယ်ပါ သံသယတွေနဲ့ဆိုရင်တော့ အစကတည်းက လာမဝယ်ပါနဲ့နော် ကိုယ်သွားလှူမယ့်နေရာတွေစီက Certificate ရရင်လည်းပြန်တင်ပေးသွားပါမယ်🫶

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now