𝙀𝙒𝙓 18 ♡

3.1K 185 12
                                    

(Unicode)

^လုပ်ကြံသူကို ပြန်လုပ်ကြံချင်း အစီစဉ် (3)^

သူအရှေ့မှာ အေးအေးဆေးဆေးအကြမ်းရည် ထိုင်သောက်နေတဲ့သူကိုကြည့်ပြီး ချင်းဟန်ရှင်းစိတ်ရှုပ်ထွေးနေရတယ် ဒီအချိန်ဆိုကိုယ့်တိုင်းပြည်ကိုယ်ပြန်ရောက်နေရမှာဖြစ်တဲ့ ချင်းအိမ်ရှေ့စံကဘယ်လိုလုပ်ခုထိဝမ်အင်ပါယာမှရှိနေသေးရတာလဲဆိုတာ သူတကယ်နားမလည်နိုင်တော့ဘူး

"အဲလောက်ကြီးလဲ ကိုယ်တော့်ကိုစိုက်ကြည့်မနေပါနဲ့"

"ချင်းအိမ်ရှေ့စံကဘယ်လိုလုပ် ဝမ်အင်ပါယာမှာဆက်ရှိနေရသေးတာလဲ"

"စစ်သူကြီးကဘယ်လိုထင်လိုလဲ"

"ကျွန်တော်ကိုတွေ့ချင်တဲ့အကြောင်းက?"

"စစ်သူကြီးကို ကိုယ်တော်နဲ့ပူပေါင်းစေချင်လို့ စစ်သူကြီးနဲ့ကိုယ်တော်နဲ့ကပန်းတိုင်ချင်းတူတယ်လေး မဟုတ်ဘူးလား"

"ချင်းအိမ်ရှေ့စံကဘာကိုဆိုလိုချင်တာလဲ"

"လက်ရှိဘုရင်နေရာကနေဝမ်ရိပေါ်ကိုစစ်သူကြီးဆွဲချချင်တာကို ကိုယ်တော်ကသိတယ်ဆိုရင်ရော"

"ချင်းအိမ်ရှေ့စံအထင်လွဲနေပါပြီး"

"ဪ ကိုယ်တော်အထင်မှားသွားတာတဲ့လား ခဗျာသမီးကအနောက်ဆောင်မှရှိနေလို့သာ ခဗျာကငြိမ်နေတာကို ကိုယ်တော်မသိဘူးထင်လိုလား ဝမ်ရိ‌ပေါ်ကိုဆွဲချဖို့ ခဗျားကငြိမ်နေပေမယ့် ခဗျာကိုဆွဲချဖို့ ဝမ်ရိပေါ်ကငြိမ်နေမယ်ထင်လား"

"........."

"ဝမ်ရိပေါ်ကရှောင်းကျန့်ကိုဘယ်လောက်တောင်ချစ်လိုက်သလဲဆိုတာခဗျားလည်းသိတာပဲ သူ့သွေးသားကိုပျက်ကျအောင်လုပ်တဲ့သူကို အအေးနန်းဆောင်ပဲပို့တယ်ဆိုတာကဖြစ်နိုင်ပါမလား အခုလိုရှောင်းကျန့်ပျောက်နေချိန်မှာ ခဗျာသမီးဆီအိပ်ဆောင်ဝင်တယ်ဆိုတာကရော သွေးရိုးသားရိုးလိုထင်လိုလား"

သူ့စကားတွေကြောင့် တွေဝေသွားတဲ့စစ်သူကြီးချင်းဟန်ရှင်းကိုကြည့်ပြီး လီကျားမင်းကစားပွဲပေါ်ကအကြမ်းရည်ကိုယူသောက်လို့ ပြုံးလိုက်တယ် နောက်ထပ်စီစဥ်ထားတဲ့အတိုင်းစကားအနည်းငယ်ထပ်ပြောလိုက်ရင်တော့ သေချာပေါက် စစ်သူကြီးချင်းဟန်ရှင်းကဝမ်ရိပေါ်ကိုဆွဲချဖို့ သူနဲ့ပူးပေါင်းပြီးနောက်တစ်ခေါက်ကြိုးစားတော့မှာကိုလီကျားမင်းကသိတယ်

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now