𝙀𝙒𝙓 15 ♡

3.6K 232 19
                                    

(Unicode)

^သဘောကြမိတဲ့သူတိုင်းက ဝမ်အရှင်ရဲ့အပိုင်ဖြစ်နေတယ် / အဆိပ်ခတ်ခံရချင်း^ 

ရိပေါ်ကသူအရှေ့မှာထိုင်ရက်သတိမေ့နေတဲ့ ချင်းအိမ်ရှေ့စံမင်းသားကို မျက်မှောင်ကြုပ်ပြီးကြည့်နေလိုက်တယ် ချစ်ကြည်ရေးပွဲကျင်းပမှာဖြစ်တာကြောင့် ချင်းတိုင်းကလဲလာရောက်မှသိပေမယ့် အိမ်ရှေ့စံဖြစ်နေမယ်လို‌တော့ ရိပေါ်ကမထင်ထားဘူး ရန်ချီပြောပြသလောက်အကြောင်းစုံကိုသိရပြီးပြီးဖြစ်ပေမယ့် အိမ်ရှေ့စံမင်းသားစီကလဲ ထပ်သိချင်နေတာမို့ သတိလည်လာမယ်အချိန်ထိကိုစောင့်နေလိုက်တယ်

ငိုနေတဲ့ရန်ချီကိုတော့ယွမ်းရှင်းကသူမရဲရင်ခွင့်ထဲကိုထည့်ပြီးဖက်ထားပေးရင် နှစ်သိမ့်ပေးနေလိုက်တယ် ရန်ချီအတွက်ထားထာပေးတဲ့ ကိုယ်ရံတော်ကလဲ နောက်ကြမှာရောက်သွားတာကြောင့် သူ့အပြစ်နဲသူဒူးထောက်နေရတယ်

လီကျားမင်းကနားထဲမှာငိုသံလိုလို ဘာလိုလိုကြားနေရတဲ့အပြင် တစ်ယောက်ယောက်ကသူကိုစိုက်ကြည့်နေသလိုခံစားရတာကြောင့် မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်မိတယ် မျက်လုံးဖွင့်တာနဲ့သူ့အရှေ့ကဝမ်အရှင်မင်းကြီးကိုမြင်လိုက်ရတာမို့ အတော်ထိပ်လန့်သွားရတယ် ဒါအပြင်ဝမ်အရှင်မင်းကြီးဘေးကကောင်မလေးတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ တရှုပ်ရှုပ်ငိုနေတဲ့အကောင်ပေါက်လေးကြောင့် ပိုတောင်ထိပ်လန့်သွားမိတယ် ဒါကသူအတွက်ဘယ်လိုတောင်ကံဆိုးမူကြီးပါလိမ့်

"မင်းမှာ မင်းလုပ်ရပ်အတွက်ဖြေချင်းစရာရှိမယ်ထင်တယ်"

"ဒါကမတော်တစဖြစ်တာပါ အရှင်"

"ကိုယ်တော့်တိုင်းပြည်ထဲထိလာပြီး ကိုယ်တော်မိဖုရားကို ကိုယ်ထိလက်ရောက်စော်ကားမူဖြစ်တာက မတော်တစတဲ့လား"

"ကျွန်တော်ကျူးလွန်ဖူးတဲ့အပြစ်အတွက် ကျွန်တော်စကားကိုအရှင်မယုံကြည့်တာကိုနားလည်းပါတယ် ဒါပေမယ့် ဒီကိစ္စကတကယ်မတော်တစဖြစ်ပြီးနားလည်မူလွဲနေတာပါ သူ့ကိုလဲအရှင်မိဖုရားမှန်ကျွန်တော်တကယ်မသိရိုးအမှန်ပါအရှင်"

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now