𝙀𝙒𝙓 19 ♡

2.9K 195 12
                                    

(Unicode)

^လုပ်ကြံသူကို ပြန်လုပ်ကြံချင်း အစီစဉ် (4)^

"ဒါနဲ့မင်းနာမည်က"

"ကျွန်တော်နာမည်က ကျောက်မင်းပါဧကရီရှောင်း"

"ငါကိုသခင်လေးလိုပဲခေါ်ပါ မင်းကအားရီးနဲ့အတူလိုက်သွားလိုက်"

"ဟုတ်ကဲ့"

ရှောင်းကျန့်ကအားလုံးကိုတာဝန်ပေးလိုက်ပြီး အားလုံးထွက်သွားမှသာ ရှောင်းပါးရဲ့အိပ်ဆောင်ထဲကိုပြန်ဝင်လာလိုက်တယ် ရှောင်းကျန့်ကစာရေးစားပွဲခုံမှဝင်ထိုင်ပြီး သူဗိုက်ကိုအသာလေးပွသတ်ပေးနေမိတယ် ချင်းတိုင်းပြည့်ကိုရောက်တာ လေးရက်လောက်သာရှိသေးပေ့မယ် လမ်းခရီးတစ်လျှောက်ပါပေါင်းလိုက်ရင်း သူရိပေါ်နဲ့ခွဲနေရတာ လတစ်ဝက်လောက်ရှိနေပြီးဖြစ်တာကြောင့် ရှောင်းကျန့်ကရိပေါ်ကိုအရမ်းလွမ်းနေမိတယ် ရှောင်းကျန့်ကစာရွက်တစ်ချို့ကိုယူပြီး ရိပေါ်စီစာပို့ဖို့ဆုံးဖြတ်လိုက်တယ် ရှောင်းကျန့်စာရေးပြီးတဲ့အချိန်မှာတော့ နန်းတော်ကသမားတော်လည်ရောက်လာပြီးဖြစ်သလို အားရီးနဲ့အစေခံတစ်ချို့လဲပြန်ရောက်လာပြီးဖြစ်တယ်

"ကော ကောတစ်ယောက်ထဲပင်းပန်နေမှာဆိုလို့ ကျွန်တော်ပါလိုက်လာတာ ဟီး"

သမားတော်နဲ့အတူကပ်ပါလာတဲ့ရန်ချီကိုရှောင်းကျန့်ကကြည့်နေတုန်း ရန်ချီစီကထွက်လာတဲ့အသံဆာဆာလေးကြောင့်ရှောင်းကျန့်ကပြုံးလိုက်မိတယ်

ရှောင်းသခင်ကြီးကိုသမားတော်စမ်းသပ်နေတဲ့တစ်ချိန်လုံး ရှောင်းကျန့်ကမျက်တောင်မခတ်ပဲလိုက်ကြည့်နေမိတယ် အရင်ကထက်အစပေါင်းများစွာပိန်သွားတာကြောင့် ဒီပုံစံနဲ့သာအပြင်ထွက်သွားရင် ဘယ်သူကမှာရှောင်းသခင်ကြီးကိုမှတ်မိမယ်မထင်ဘူး သူတောင်မြင်မြင်ချင်းအရမ်းကိုအံဪသွားရသေးတာပဲမလား နေမကောင်းတာသိပေမယ့် ဒီလောက်ထိအခြေနေဆိုးမယ်လို့ ရှောင်းကျန့်ကမထင်ထားရိုးအမှန်ပဲ့

"ရှောင်းသခင်ကြီးရဲ့အခြေနေက သိပ်မဆိုးရိပ်ရတော့ပါဘူးဧကရီရှောင်း အိပ်ယာထဲလဲနေတာကလည်းအာဟာရပြတ်သွားတာကြောင့် အားအင်းကုန်ခန်းပြီးလဲနေတာပါ နေ့စဉ်အားဆေးသောက်သုံးပေးရင်ပြန်လည်ကျန်းမာလာပါလိမ့်မယ်"

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now