𝙀𝙒𝙓 24 ♡

3.5K 174 1
                                    

(Unicode)

^ဧကရီရှောင်းအပေါ်အပြစ်ကျူးလွန်းထားသူတွေရဲ့အဆုံးသတ်^

လီကျားမင်းနဲ့ရိ‌ပေါ်ရဲ့အရိပ်တပ်ဖွဲ့ဝင်တွေကတော့ သူတို့သတင်းရထားတဲ့အတိုင်း ဒီညကျွန်ရောင်းချမယ် ချင်းတိုင်းပြည်နဲ့ဝမ်အင်ပါယာရဲ့ နယ်စပ်မှာ အဆင့်သင့်နေရာယူလိုစောင့်နေလိုက်ကြတယ် ညနက်ဦး‌ပိုင်အချိန်ရောက်ပီ့း သိပ်မကြာခင်မှာပဲ သူတို့စောင့်နေတဲ့ အနီးတစ်ဝိုက်ကို ကျွန်ရောင်းသူ ဝယ်သူ နှစ်ဖက်လုံးကရောက်ရှိလာကြတယ်

အခြေနေကသူတို့ဖက်ပါလာတာနဲ့ လီကျားမင်းနဲ့အရိပ်တပ်ဖွဲ့ခေါင်းဆောင်နဲ့က တစ်ယောက်ကိုတစ်ယောက်မျက်ရိပ်ပြလိုက်ကြတယ် အရိပ်တပ်ဖွဲ့က လောင်းကစားရုံပိုင်ရှင်တို့သတိမထားမိခင် အချိန်မှာပဲ လောင်းကစားရုဲပိုင်ရှင်တို့ကိုအရင်ဆုံးဝိုင်းထားလိုက်ကြပြီး လီကျားမင်းကတော့အရှေ့ကိုထွက်လာလိုက်တယ်

"ကိုယ်လူမျိုးကိုတိုင်းတစ်ပါးကိုကျွန်အဖြစ်တရားမဝင်ရောင်းရဲတဲ့ ရှောင်းသခင်မကြီးနဲ့လောင်းကစားရုံပိုင်ရှင်ကြီးက အရမ်းကိုသတ္တိတွေရှိနေကြတာပဲ"

"အိမ်...အိမ်ရှေ့စံ"

ရုတ်တရက်ကြီး ချင်းတိုင်းပြည်ရဲ့အိမ်ရှေ့စံကိုမြင်လိုက်ကြရတော့ လောင်းကစားရုံးပိုင်ရှင်ဖက်ကလူအားလုံးကထိပ်လန့်သွားကြရပြီး ဝမ်အင်ပါယာဖက်ကလူတွေမှာလည်းတုနါးလှုပ်သွားရတယ်

ဒီအကြောင်းတွေသာ ဝမ်အရှင်မင်းကြီးသိရင် သေမိန့်ပေးခံရမှာကိုသိတဲ့ ဝမ်အင်ပါယာဖက်ကကျွန်လာဝယ်တဲ့သူတွေကလည်း မသိမသာသူတို့ရဲ့လက်နက်ကို ထုပ်ပြီး တိုက်ခိုက်ဖို့ပြင်ကြတယ် သူတို့မှာရွေးချယ်စရာကနှစ်ခုပဲရှိတယ် ချင်းအိမ်ရှေ့စံကိုခုခံပြီး ထွက်ပြေးမလား ဝမ်အရှင်မင်းကြီးလက်ထဲမှအသေခံမလားဆိုတာကိုပဲ

တိုက်ပွဲအသေးစားလေးတစ်ခုဖြစ်ပြီးတဲ့နောက်မှာတော့ လီကျားမင်းနဲ့အရိပ်တပ်ဖွဲ့ဝင်တွေက အားလုံးကိုဖမ်းမိလိုက်နိုင်ကြတယ် အပြစ်သားအားလုံးကိုနန်းတော်ထဲကအပြစ်ပေးကွင်းမှာဖမ်းချုပ်ထားပြီးအချိန်မှာတော့ မနက်နေ‌ထွက်ချိန်ကိုတောင်ရောက်နေပြီးဖြစ်တယ်

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now