𝙀𝙒𝙓 26 ♡

3.1K 156 2
                                    

(Unicode)

^အပြန်အလှန်ရှိတဲ့ချစ်ခြင်းမေတ္တာတရားတိုင်းကအေးချမ်းတယ်^

လီကျားမင်းနဲ့ရန်ချီရဲ့မင်္ဂလာပွဲကိုတက်ရောက်ဖို့အတွက် ချင်းတိုင်းပြည်ကိုရောက်လာကြတဲ့ဝမ်အင်ပါယာက သံတမန်တချို့ရယ် မူးမတ်တချို့ရယ် ရန်ချီရဲ့ပါးနဲ့ရန်ကတော်ကို ရှောင်းကျန့်ကသူဆီအရင်အခစားဝင်စေတယ်

"ဒီနေကစပြီးရန်ချီက ဝမ်မင်းကြီးရဲ့တစ်ဦးတည်းသောညီတော်ဝမ်ရန်ချီပဲ ကျွန်တော်ပြောချင်တာကို အားလုံးနားလည်မယ်လိုထင်ပါတယ်"

ရှောင်းကျန့်ကပြောပြီးတာနဲ့ မိန်ရီကိုခေါင်းညိမ့်ပြလိုက်တော့ အံသြနေတဲ့အမတ်တွေအရှေ့ကို မိန်ရီကအလိုက်သိစွာရွှေထုပ်အသီးသီးကိုချပေးလိုက်တယ်

ချင်းတိုင်းပြည်ရဲ့အိမ်ရှေ့စံနဲ့ သူတို့အရှင်ရဲ့မိဖုရားဖေးရန်တို့လက်ထပ်တော့မယ်ဆိုတဲ့သတင်းက သူတို့ကိုအရမ်းအံအားသင့်စေသလို အခုသူတို့အရှင့်ရဲအချစ်တော်ဧကရီရှောင်းရဲ့အပြုမူကြောင့်လဲည်းအားလုံးမှာထပ်မှန်အံအားသင့်ရပြန်တယ် ဒီလိုကိစ္စမျိုးကိုသူတို့အနေနဲ့လက်မခံချင်ရင်တောင် သူတို့အရှင်ကဧကရီရှောင်းတစ်ခွန်းဆိုတစ်ခွန်းဖြစ်နေတာကြောင့် လက်ခံရမယ်ဆိုတာကိုသိနေတယ်

ဒါကြောင့်ဧကရီရှောင်းပေးတဲ့ရွှေထုပ်ကိုသာလက်ခံလိုက်ပြီး နှုတ်ပိတ်နေဖို့ပဲဆုံးဖြတ်လိုက်ကြတယ် ဧကရီရှောင်းနဲ့အငြင်းခုန်လုပ်ပြီး သူတို့အရှင်ရဲ့မျက်မောင်းကျိုးခြင်းကိုတော့ဘယ်အမတ်နဲ့ဘယ်သံတမန်တွေကမှမခံချင်ကြဘူး အားလုံးကအသက်ရှည်ရှည်နဲ့အေးအေးချမ်းချမ်းနေထိုင်သွားချင်တဲ့ဆန္ဒရှိကြတယ်

"အမတ်ရန်နဲ့ရန်ကတော် ကျွန်တော်တို့စကားခဏလောက်ဆက်ပြောကြရအောင်"

"အမိန့်ရှိပါ ဧကရီရှောင်း"

သူကိုနှုတ်ဆက်ပြီး အပန်းဖြေနားဆောင်ကနေ အမတ်တွေနဲ့သံတမန်တွေအသီးသီကထွက်သွားကြပေမယ့် ရန်ချီရဲ့ပါးနဲ့ရန်ကတော်ကသူကိုပြောစရာရှိသေးတဲ့ပုံပေါက်နေတာကြောင့် ရှောင်းကျန့်ကပဲ့အလိုက်သိစွာပြန်ခေါ်ထားလိုက်တယ်

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now