𝙀𝙒𝙓 10 ♡

4.3K 265 10
                                    

(Unicode)

^ရန်သူဖြစ်လာမယ်လိုသတ်မှတ်ထားပြီးမှ မထင်မှတ်စွာ မိတ်‌ဆွေကောင်းများဖြစ်လာချင်း^

"လိမ်းဆေးကိုပုံမှန်လိမ်းပေးရင်း ဒဏ်ရာတွေကတော့ တစ်ရက်နှစ်ရက်အတွင်းပျောက်သွားပါလိမ့်မယ်ရှောင်းသခင်လေး ‌နောက်ပီ့းကိုယ်လုပ်တော်ရန်က ကိုယ်ခံအားအရမ်းနည်းနေပါတယ် ဒါကြောင့် ကိုယ်ခံအားပြန်ကောင်းလာတဲ့အထိအားဆေးသောက်ဖို့မှာချင်ပါတယ်"

"အင်းကောင်းပြီး ကိုယ်လုပ်တော်ရန်ပြန်ကောင်းလာတဲ့အထိ သမားတော်ကပဲအားဆေးပြင်ပေးပါ"

"ဟုတ် ကျွန်တော်မျိုးဆောင်ရွက်လိုက်ပါ့မယ်"

"ယွီကုန်းကုန်းသမားတော်ကိုပြန်ပို့ပေးလိုက်ပါ ကျန်တဲ့သူတွေအားလုံးလည်းအဆင်ပြေတဲ့နေရာမှ သက်တောင့်သက်သာသွားနေကြပါ ကျွန်တော်လိုတာရှိမှခေါ်လိုက်မယ်"

"ဟုတ်ကဲ့ပါ ရှောင်းသခင်လေး"

အကုန်လုံးထွက်သွားတဲ့အထိ ရန်ချီကတော့ခေါင်းပြန်မမော့လာသေးဘူး ရန်ချီကဆေးထည့်နေတုန်းတစ်ချက်ပဲခေါင်းမော့ပေးလာပြီး ပြန်ငုံသွားတာဖြစ်တယ် ဆံပင်ရော အဝတ်စားပါသေသေသပ်သပ်ဖြစ်သွားမှ ရှောင်းကျန့်ကရန်ချီကိုသေချာအကဲခတ်ထပ်ကြည့်လိုက်တယ် အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း မျက်လုံးဝိုင်းဝိုင်း နှာတန်ထင်းထင်းနဲ့ပါးဖောင်းဖောင်းတွေကရန်ချီကိုမွေးကင်းစကလေးတစ်ယောက်လိုအရမ်းချစ်စရာကောင်းလွန်းစေတယ်

ရှောင်းကျန့်ကအကြမ်းရေတစ်ခွက်ငှဲ့ပြီး ရန်ချီအရှေ့ချပေးလိုက်တော့ မျက်လုံးလေးအပြူးသားနဲ့သူကိုပြန်ကြည့်နေတာလေးကအစ ရန်ချီကချစ်စရာကောင်းလွန်းတယ် ဒါပေမယ့် အကြမ်းရေခွက်ကိုတော့မထိရဲဖြစ်နေသေးတယ် ကြည့်ရတာတခြားမိဖုရားတွေလိုသူကိုလည်းကြောက်နေသေးတာထင်ပါရဲ့

"မင်းဒီလောက်အနိုင်ကျင့်ခံနေရတာတောင် မင်းမိဘတွေက မင်းအတွက်ဘာမှမလုပ်ပေးကြဘူးလား"

"ကျွန်တော်ကတရားမဝင်သားတစ်ယောက်ပါ အိမ်တော်မှာရှိနေလဲအသုံးမဝင်ဘူးဆိုပြီး ကိုယ်လုပ်တော်အဖြစ်နန်းတော်ထဲကိုပို့ခံလိုက်ရတာပါ"

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now