𝙀𝙒𝙓 9 ♡

4.8K 268 11
                                    

(Unicode)

^မိဖုရားယင်းမီကိုပညာပြခြင်းနဲ့ကိုယ်လုပ်‌တော်ရန်ကိုကာကွယ်ချင်း^

"သာမန်သခင်လေးတစ်ယောက်ကို ဧကရီမြှောက်တာက မသင့်တော့ပါဘူးအရှင် ပြန်လည်စဉ်းစားတော်မူပါအရှင်"

"ပြန်လည်စဉ်းစားတော်မူပါအရှင်"

"ပြန်လည်စဉ်းစားတော်မူပါအရှင်"

"ဒုန်း!!!"

ရှောင်းကျန့်ကိုဧကရီမြှောက်ဖို့အတွက် ကန့်ကွက်‌နေတဲ့အမတ်တွေကြောင့် ရိပေါ်ကဒေါသထွက်ပြီး ပုလ္လင်ကိုထုချလိုက်တယ် သူတို့ သား/သမီးတွေကို ဧကရီဖြစ်စေချင်လို့ ရှောင်းကျန့်ကိုကန့်ကွက်နေတာ အသိသားကြီး ဝမ်ရိပေါ်ကိုဒီလိုလာလုပ်လိုဘယ်ရမလဲ

အမတ်တွေက ရိပေါ်ဒေါသကိုကြောက်ကြတာမှန်ပေမယ် ရှောင်းကျန့်ကိုဧကရီမြှောက်မယ်ကိစ္စကိုတော့ လက်မခံနိုင်ကြဘူး ရှောင်းကျန့်ကတိုင်းတစ်ပါးကလာတဲ့သူဖြစ်တဲ့အပြင် ယောင်္ကျားလေးလည်းဖြစ်နေတဲ့အတွက် ပိုလို့တောင်လက်မခံချင်းကြဘူး ဧကရီနေရာကမိန်းကလေးဖြစ်တဲ့မိဖုရားချင်းလီနဲ့သာသင့်တော်တယ်ဆိုပြီး အမတ်တွေကထင်နေကြတယ် မိဖုရားချင်းလီက စစ်သူကြီးရဲ့သမီးဖြစ်တာကြောင့်လဲပါတယ်

"ကိုယ်တော်ရဲ့ချစ်မြတ်နိုးမူကိုရထားတာတောင် ဧကရီဖြစ်ဖို့မသင့်တော့သေးဘူးတဲ့လား ဟက်!!"

"ကျွန်တော်မျိုးအရဲစွတ်ပြီးလျှောက်တင်ပါရစေ အရှင်ချစ်မြတ်းနိုးမူတစ်ခုထဲနဲ့ ဧကရီမြှောက်တာကတကယ်မသင့်တော်ပါဘူးအရှင် နောက်ပြီးဝမ်အင်ပါရဲ့သက်တမ်းတစ်လျှောက်ကောအမျိုးသားတစ်ယောက်ကိုဧကရီဖြစ်တဲ့ထိတင်မြှောက်ခဲချင်းမရှိပါဘူးအရှင်"

"အဲ့လိုလား ကောင်းပြီး ဒီနေ့ဒီလောက်ပဲ ညီလာခံသိမ်းမယ်"

ရုတ်တရက်ကြီးညီလာခံသိမ်းပြီးထွက်သွားတဲ့ရိပေါ်ကြောင့် အမတ်တွေကကြောင်ပြီးကျန်ခဲ့တယ် အခုသူတို့ကန့်ကွက်တာကို အရှင်ကလက်ခံတာလား လက်မခံတာလားဆိုတာကို ဘယ်သူကမှသဲသဲကွဲကွဲမသိလိုက်ကြဘူး

ရိပေါ်ကတော့သူ့အကြံနဲ့သူ ညီလာခံသိမ်းပြီး ရှောင်းကျန့်ရှိရာ သူ့အဆောင်စီကိုပဲပြန်လာလိုက်တယ် ဧကရီဆိုတာက ဂုဏ်ပုတ်တစ်ခုသာသာပဲ့အရေးကြီးဆုံးက အာဏာပဲဖြစ်တယ် ဧကရီဂုဏ်ပုတ်ထက် ရှောင်းကျန့်က သူပေးမယ်အာဏာကို ပိုသဘောကြမယ်ဆိုတာရိပေါ်ကသိတယ်

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now