𝙀𝙒𝙓 25 ♡

2.9K 126 2
                                    

(Unicode)

^‌ချစ်ခြင်းမေတ္တာတရားတွေရှိလာတဲ့အခါ ပြန်လည်အေးချမ်းလာတယ်^

"ကျဲ"

ဝေါယာဉ်ပေါ်ကဆင်းတာနဲ့သူစီပြေးလာပြီး ဖက်တွဲလာတဲ့ ရန်ချီကို ယွမ်းရှင်းကလည်း ပြန်လည်ပွေ့ဖက်ထားလိုက်တယ် အရှင့်စီကစာရတာနဲ့ ယွမ်းရှင်းကချက်ချင်းဝမ်အင်ပါယာကနေ ချင်းတိုင်းပြည်ကိုထွက်လာတာပဲဖြစ်တယ်

"အရှင့်နဲ့ဧကရီရှောင်းကိုဂါဝရပြုပါတယ်"

"သက်သက်သာသာပဲနေပါကျဲရယ် ခရီးလဲပင်ပန်းလာတယ်ဆိုတော့ အရင်ဆုံးအနားယူလိုက်ပါဦး မိန်ရီကျဲအနားယူဖို့ကူညီပေးလိုက်ပါအုံး"

"ကျွန်တော်ကူညီလိုက်မယ်ကော"

"ရန်ချီကကျဲအနားယူဖို့ကူညီမှာလား နှောက်ယှက်မှာလားဟမ်း"

"ကောကလည်းဗျာ လူကိုအပြစ်ပဲမြင်နေတယ် ဟွန့်"

"ဒါဆိုခွင့်ပြုပါအုံး အရှင့်နဲ့ဧကရီရှောင်း"

ယွမ်းရှင်းကရိပေါ်နဲ့ရှောင်းကျန့်ကိုနှုတ်ဆက်ပြီး ဆူပုတ်ပုတ်ဖြစ်နေတဲ့ရန်ချီနဲ့အတူ သူမအတွက်ပြင်ဆင်ထားတဲ့အဆောင်ဆီကိုထွက်လာလိုက်တယ်

ကျဲသိလား အိမ်ရှေ့စံက‌အရမ်းတော်တာ ကျွန်တော်ကိုလဲအရမ်းအလိုလိုက်တယ် ဆိုတာကနေအစချီလို့ လီကျားမင်းရဲ့ကောင်းကြောင်းတွေကို မနားတန်းပြောနေတဲ့ရန်ချီကို ယွမ်းရှင်းကပြုံးပြုံးလေကြည့်ရင်းနဲ့သာနားထောင်နေလိုက်တယ် 

အချိန်တန်ရင် ဒီကလေးကိုသူမလက်လွှတ်ပေးရမယ်ဆိုတာသိပေမယ့် ဒီလောက်မြန်မြန်စံစံကြီးလက်လွှတ်ပေးရလိမ့်မယ်လိုတော့မထင်ထားမိဘူး ဒီကလေးပျော်ရွှင်ဖို့ဆိုရင် သူမကဘာမဆိုဖြည့်စည်းပေးနိုင်ပါတယ် ဒီကလေးပျော်ရွှင်နေမှသာ သူမရဲ့စိတ်နှလုံးသားက တကယ်ပျော်ရွှင့်ပြီးအေးချမ်းနေနိုင်မှာဖြစ်တယ်

~~~~~~~~~~

ရိပေါ်ရဲ့အမိန့်စကားကိုနားထောင်ရင် ငိုမဲ့မဲ့ဖြစ်လာတဲ့ရန်ချီရဲ့မျက်နှာကိုကြည့်ရင် ရှောင်းကျန့်နဲ့ယွမ်းရှင်းကမရယ်မိအောင်ထိန်းထားရတယ် ဒီကလေးကိုယ်တိုင်ကလည်း လီကျားမင်းကိုသဘောမကျတာမျိုးမဟုတ်ပဲ သက်သက်ဂျီကျပြီး လက်ထပ်ဖို့ကိုငြင်းဆံနေတာမျိုးဖြစ်နေတယ်ဆိုတာကိုရှောင်းကျန့်ရော ယွမ်းရှင်းရောကပါသိတယ်

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now