𝙀𝙒𝙓 14 ♡

3.9K 226 8
                                    

(Unicode)

^မထင်မှတ်ထားသော လူနှစ်‌ယောက်ရဲ့တွေ့ဆုံမူမှာ အလွဲလွဲအချော်ချော်^

အကောင်းဆုံးသောသစ်သားတွေကိုအသုံးပြု‌ ဆောက်ထားတဲ့အပြင် တစ်ဆောင်လုံးကိုအဖြူရောင်ဆေးချယ်ထားပြီး အနားသတ်လေးတွေကိုရွှေရောင်ကော့ထားတဲ့လျန်ဟွားအဆောင်ကကြီးကျယ်ခန်းနားလွန်းတယ် အသုံးဆောင်ပစ္စည်းတိုင်းကို ဈေးအကြီးဆုံးနဲ့ရှားပါးသောကျောက်မြက်ပတ္တမြားကိုအသုံးပြုထားပြီး အနားသတ်အားလုံးကိုပုံစံတူ ရွှေအစစ်ကိုသုံးပြီးရွှေရောင်ကော့ထားတာဖြစ်တယ် အားလုံးထဲမှာမှရှောင်းကျန့်သဘောအကြဆုံးကတော့ နူးညံအိစက်နေတဲ့အိပ်ယာပဲဖြစ်တယ်

"ဒီနေရာကတားမြစ်နေရာလဲမဟုတ်သလို တားမြစ်အဆောင်လဲမဟုတ်ပါဘူး ဆောက်လုပ်လို့မပြီးမချင်းဘယ်သူကိုမှမသိစေချင်းလို့ ဒီနေရာကိုတားမြစ်နေရာလိုသတင်းလွှင့်ထားတာ"

"ကျွန်တော်အရမ်းလန့်သွားတာသိလား ကိုယ်ရံတော်ကိုတောင် သံသယဝင်လိုက်မိသေးတာ ဝမ်မကောင်းဘူး ဟွန့်"

ရှောင်းကျန့်စကားကြောင့် ကုတင်ကိုမှီပြီးထိုင်နေတဲ့ရိပေါ်ကခပ်ဟဟရယ်ပြီး သူ့ရင်ခွင်ထဲကရှောင်းကျန့်ရဲ့နှာဖူးကိုငုံနမ်းလိုက်တယ် ရှောင်းကျန့်ရဲ့ဗိုက်ကိုပွတ်သတ်ရင် ရိပေါ်ကြည်နူးလို့မဆုံးဖြစ်နေရတယ် ရှောင်းကျန့်ကသူ့ကိုချစ်တဲ့အပြင်သူရဲ့သွေးသားကိုပါမွေးပေးမယ်ဆိုတာက သူ့အတွက်အိပ်မက်တစ်ခုလိုပဲ မယုံကြည်နိုင်သေးဘူး

"ဝမ်ကျွန်တော့်ကိုဒီအဆောင်ချီမြှင့်တာ ဝမ့်မူးမတ်တွေက မကန့်ကွက်ကြဘူးလား"

"ကွန့်ကွက်ချင်တောင် ဘယ်သူမှမကွန့်ကွက်ရဲကြပါဘူး ဒီအဆောင်ကို ကိုယ့်ကိုယ်ပိုင်ငွေနဲ့ဆောက်လုပ်ထားတာ"

"ဟီး ဒါနဲ့လေဝမ် တကယ်လိုပေါ့နော် မွေးလာတဲ့ကလေးကယောက်ျားလေမဟုတ်ရင်...."

"ရှူး! ဘာလေးပဲဖြစ်ဖြစ်ကိုယ်ကကိုယ်နဲ့ရှောင်းရဲ့ကလေးကိုချစ်ပေးမှာ နောက်ပြီးအကောင်းဆုံးပြုစုစောင့်ရှောက်ပေးမှာ"

"ချစ်တယ်ဝမ် ကျွန်တော်ကခဏခဏထုပ်မပြောတက်ပေမယ် ကျွန်တော်ချစ်တဲ့အကြောင်းကိုကျွန်တော်အပြုမူကနေတစ်ဆက် ဝမ်နှလုံးသားကခံစားပေးပါနော်"

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now