Part-11(uni/zaw)

2.7K 101 14
                                    

Unicode

"You're My Husband"

အပိုင်း(၁၁)။ ။

"ခင်ဗျာကို ဘယ်သူလာခိုင်းလို့လဲ"

"လွင်စစ်"သည် ဘေးတွင် ကားထိုင်မောင်းပြီး အိမ်ပြန်လိုက်ပို့ပေးနေသော "ကြယ်စင်"ကို သဘောမကျပေ။

"မင်း အစ်မက အလုပ်တွေနဲ့ အားတာမဟုတ်ဘူးလေ"

"သူ့ဘာသာ အားမအား ကျွန်တော်နဲ့မဆိုင်ဘူး၊ ကျွန်တော့်ကို အဖေ့အိမ်ပဲပို့ပေး"

"မင်း အဖေကလည်း မင်းအစ်မအိမ်ပဲပို့ခိုင်းလိုက်ပြီ၊ ဒီနေ့ကစပြီး အစ်မရဲ့အိမ်မှာပဲနေရတော့မယ်တဲ့၊ ပစ္စည်းတွေလည်း ရောက်ပြီးသွားပြီ"

"စိတ်ပျက်ဖို့ ကောင်းလိုက်တာ၊ မြန်မြန်မောင်း"

အစ်မဖြစ်သူ၏အိမ်သို့ရောက်သွားသောအခါ အိမ်ထဲကို "ကြယ်စင်"ကပါ လိုက်ဝင်လာသည်။

"ပြန်လာပြီလား ကောင်လေး"

ဧည့်ခန်းထဲကနေ လှမ်းမေးလာသော အစ်မဖြစ်သူဟူ၍ အခြားသူမဟုတ်။ "ရတီစံ"သာ ဖြစ်၏။

"လွင်စစ်"နှင့် "ရတီစံ"သည် အဖေတူအမေကွဲ မောင်နှမဖြစ်၏။ မောင်နှမဟူ၍ "လွင်စစ်"က မယားငယ်သားဖြစ်၏။ ယခုတော့ နှစ်ဖက်လုံး အမေမရှိကြတော့ပေ။ ထိုထက် အဖေက နောက်ထပ်မိန်းမငယ်ငယ်လေးများနှင့် ပွေရှုပ်သော သတင်းက မပျက်ပေ။

"လွင်စစ်"သည် အဖေနှင့်လည်း ဆက်ဆံရေးအဆင်မပြေသောကြောင့် "ရတီစံ"ဆီကို ပို့ခံလာရမှန်းသိ၏။ ဧည့်ခန်းထဲကို ဝင်သွားကြည့်လိုက်တော့ "ရတီစံ"က စာအုပ်တစ်အုပ်ကိုဖတ်နေပြီး စမက်ကျစွာ ခြေနှစ်ဖက်ချိတ်ထိုင်ထား၏။

"ကျွန်တော် အစ်မနဲ့မနေနိုင်ဘူး"

"အဖေကိုယ်တိုင် လာပို့ထားတာ၊ မင်းကြောင့် အဖေအနှောက်အယှက်ဖြစ်တယ်၊ မင်းပစ္စည်းတွေ အပေါ်ထပ်အခန်းထဲမှာရှိတယ်၊ အကုန်လုံးပြင်ထားပြီးပြီဖြစ်လို့ မင်းဘာသာ အခန်းရှာပြီးနေလိုက်"

"ကျွန်တော်မနေချင်ဘူးလို့ပြောနေတယ်"

"ရတီစံ"သည် ဖတ်နေသော စာအုပ်ကို ရှေ့စားပွဲပေါ်သို့ ပစ်ချပြီး သွေးအေးစွာ ပြုံးလိုက်သည်။

You're My Husband(Complete)Where stories live. Discover now