(Unicode)
"You're My Husband"
(Extra)
(၁)...🌧🌻
"Jack"
ဂျက်(စ်)သည် အမှောင်ကျနေသော အခန်းထောင့်တစ်နေရာတွင် ကုတ်ကုတ်လေးထိုင်ရင်းမှ ခေါ်သံကြောင့် ခေါင်းထောင်သွားလေ၏။
"Jack ၊ Come Here"
ပွင့်လာသော တံခါးနောက်ကွယ်တွင်ပေါ်လာသူမှာ မိဘမဲ့ကျောင်း၏အုပ်ထိန်းသူဖြစ်၏။
ယခုက "ဂျက်(စ်)သည် အခြားသောကလေးများနှင့် ရန်ဖြစ်ထားကြောင့် အခန်းတစ်ခန်းထဲတွင် အပြစ်ပေးခံထားရခြင်းဖြစ်သည်။
"Jack"
ထပ်ခေါ်မှ "ဂျက်(စ်)" ထသွားလိုက်တော့သည်။
"ဂျက်(စ်)"သည် ခေါ်သွားရာနောက်ကို တကောက်ကောက်လိုက်မိသည်။ ညစ်ပေနေသောတစ်ကိုယ်လုံးတွင်မှ အရောင်ခပ်နွမ်းနွမ်းအင်္ကျီကို လက်နှစ်ဖက်ဖြင့်အတင်းဆုပ်ကိုင်ထားရင်းကြောက်မိသည်။ ဘောင်းဘီတိုအောက်က ဒူးနှစ်ဖက်လုံးမှာလည်း ပွန်းပဲ့ဒဏ်ရာများနှင့်သွေးစိုနေ၏။
"Sister, He is Jack"
"ဂျက်(စ်)"သည် ရှေ့တွင်ရောက်လာသော ထောက်ဖိနပ်နှင့်ခြေတံလှလှလေးကို လှမ်းမော့ကြည့်လိုက်ရင်းမှ...
နေရောင်အောက်တွင် တောက်ပစွာ ထွက်ပေါ်လာသော ရှေ့ကမိန်းမပျိုလေးသည် နတ်သမီးလေးများလား။ သိမ့်မွေလှတဲ့အပြုံး၊ နွေးထွေးသောစိတ်ထားများ ထင်ဟက်နေတာလေ။
"Oh Hello, Jack၊ Nice to meet you"
ထိုမိန်းမပျိုလေးက လက်တစ်ဖက်ကိုရှေ့ထုတ်လာကာ လက်ဆွဲနှုတ်ဆက်ချင်နေ၏။
"ဂျက်(စ်)"သည် အသက် (၁၆)နှစ်။ ခပ်ဆိုးဆိုး မိဘမဲ့ကောင်လေးဖြစ်သောကြောင့် တန်းတူမိဘမဲ့အဖော်များကတောင် မပေါင်းသင်းလိုကြပေ။ တစ်ကိုယ်လုံးလည်း ဘယ်တော့မှသန့်သန့်ပြန့်ပြန့်မရှိဘဲ အဝတ်အစားကအစ ညစ်နွမ်းနေတတ်၏။ ခန္ဓာကိုယ်ကလည်း ပိန်နေသည်မှာ အရိုးနှင့်သားရေပဲ ရှိနေသည့်အတိုင်းပင်။ အရပ်ကလည်း ရှေ့က မိန်းမပျိုလေး၏အရပ်ကိုတောင် မမှီပေ။ ထူးခြားသည်က အမြဲတောက်ပနေသော နီညိုရောင်မျက်စံနှင့်မျက်လုံးတစ်စုံကိုပိုင်ဆိုင်ထားခြင်းပင်။