Unicode
"You're My Husband"
အပိုင်း(၅)။ ။
အချိန်များသည် တဖြည်းဖြည်းကုန်ဆုံးလာ၏။
"သွန်း"သည် ဘာကိုမှ ရေရေရာရာမမှတ်မိသေးသလို ပေါ်လာသော မှတ်ဉာဏ်များနှင့် အိပ်မက်များကလည်း ဝေဝေဝါးဝါးပင်။ ထိုထက် အနားတွင်အချိန်အကြာကြီးအတူရှိနေပေးသော လူကို ပိုခင်တွယ်လာမိသည်။
"သွန်း၊ မနက်စာစားကြရအောင်လေ"
ထိုလူဆီကနေ မေတ္တာဓာတ်များအပြည့်ရရှိသောကြောင့် ထိုလူ အနားကနေ ထွက်သွားဖို့တောင် မတွေးဝံ့ပေ။
မနက်စာစားရန် အခန်းထဲထိ လာခေါ်ပေးသော ထိုလူအနောက်သို့ လိုက်သွားလိုက်တော့သည်။
"သွန်း"သည် ထိုလူ၏လက်မောင်းတစ်ဖက်ကို ဖက်တွယ်ရသည်မှာ အနှစ်သက်ဆုံးပင်။
လှေကားပေါ်ကနေ ခြေလှမ်းများကို တစ်လှမ်းချင်းစီလှမ်းရင်းမှ စားသောက်ခန်းထဲသို့ ရောက်သွားတော့သည်။"ကိုယ် ဒီနေ့မနက်စာတော့ ခေါက်ဆွဲပြုတ်ပဲလုပ်ထားတယ်၊ စားဖို့အဆင်ပြေတယ်မလား"
"လင်း ချက်ကျွေးတာ မှန်သမျှ ကျွန်မက အကုန်ကြိုက်တာပဲ"
"သွန်း" အပြုံးအချိုချိုဖြင့်ဖြင့် ပြန်ဖြေသောအခါ ထိုလူက ဦးခေါင်းကိုလာထိကိုင်ပေးကာ နွေးထွေးစွာပြုံးပြ၏။ သို့သော် ထိုလူ၏နီညိုရောင်မျက်ဝန်းများက မျက်ရည်များရစ်ဝဲနေကာ နာကျင်နေ၏။
"လင်း"
"ကိုယ်တို့စားကြရအောင်နော်"
စားပွဲဝိုင်းတွင် ထိုင်ကြမည်လုပ်တုန်းပင်
ခြံတံခါး၏လူခေါ်ဘဲလ်က အသံမြည်လာသည်။"ဟင် ခြံရှေ့မှာ"
"သွန်း၊ ဒီမှာပဲ နေပါ"
ထိုလူက မျက်နှာပျက်သွားသော ပုံစံဖြင့် အိမ်ရှေ့ကို ခပ်သွက်သွက်ထွက်သွား၏။
"သွန်း" ထိတ်လန့်လာမိသည်။ ဘယ်သူများ ရောက်လာမည်နည်း။ တစ်ခါမှ လူခေါ်ဘဲလ်မရှိတာလေ။
မကြာပေ၊ အိမ်ထဲကို လူအုပ်တစ်ချို့ရောက်လာသလိုပင်။
"သွန်း"သည် မသင်္ကာတော့ဘဲ အိမ်ရှေ့ကို အပြေးသွားထွက်ကြည့်လိုက်သောအခါ...