Suprise👻
ပံသကူပေးစရာဆိုလို့ ဒါပဲရှိတယ်🤣(Unicode)
"You're My Husband"
အပိုင်း(၁)။ ။
"ဗျာ"
လင်းနေခြည်သည် ဆေးရုံကနေ မထင်မှတ်ဘဲ ကြားလိုက်ရသော သတင်းဆိုးကြောင့် ကြောက်ရွံ့မတတ် ထိတ်လန့်သွားရ၏။
"သွန်း" မရှိတော့ဘူးတဲ့။ဖုန်းကိုချကာ ဆေးရုံသို့အပြေးသွားရတော့၏။ ဆေးရုံကိုရောက်သောအခါ...
"တောင်းပန်ပါတယ်ဗျာ၊ ဘယ်ချိန်ကတည်းက ပျောက်သွားမှန်းလည်း သတိမထားမိလိုက်ကြဘူး၊ ကိုမာဖြစ်နေတဲ့သူဆိုတော့၊ တကယ်တောင်းပန်ပါတယ်ဗျာ"
"တောင်းပန်နေလို့ရမလားဗျ၊ သေချာရှာကြည့်လေဗျာ၊ ဆေးရုံမှာရှိသမျှ CCTV တွေအကုန်စစ်"
"အကုန်စစ်ပြီးပါပြီဗျာ၊ တကယ်တော့လေ ပျောက်သွားတာကို ရှေ့တစ်နာရီကတည်းသိတာပါ"
"ဟာ...ဒါကို ဘာကြောင့်အသိမပေးကြတာလဲ၊ ခင်ဗျာတို့ဆေးရုံက ဘာလဲဗျာ"
"ကျွန်တော်တို့တွေ CCTVရော တခြားနေရာတွေပါ အကုန်ရှာပြီးပါပြီ၊ အရိပ်အယောင်ကိုမတွေ့ရတာပါ"
"လင်းနေခြည်"သည် တကယ်စိတ်ပျက်ကာ ဒေါသထွက်ရ၏။ လူအများရှေ့တွင် သိက္ခါကိုထိန်းကာ ဒေါသမထွက်ဖူးသူက ယခုဒေါသကိုမထိန်းနိုင်အောင် ဖြစ်မိသည်။
"သွန်း" လှေကားပေါ်ကနေ ပြုတ်ကျပြီးနောက် ဆေးရုံတွင် ကိုမာဝင်နေသည်မှာ နှစ်လနီပါးရှိပြီ။
ထိုအခြေအနေတွင် "သွန်း" သတိရလာပြီး ကိုယ်တိုင်ထွက်သွားနိုင်မှာမဟုတ်။ အခြားတစ်ယောက်က လာခိုးထုတ်သွားရအောင်လည်း အကြောင်းမရှိ၊ မသမာသူဆိုလျှင်လည်း မည်သူရှိမည်နည်း။"သွန်း"ကိုသတ်ရန်ကြံစည်မှု၊ "ကြယ်စင်"ကို ယာဥ်တိုက်ပြေးမှုဖြင့် "ရာဇာစိုး"က အချုပ်ခန်းထဲတွင် ထောင်ဒဏ်ချမှတ်ခံထားရပြီ။ "ရတီစံ"ကလည်း "သွန်း"ကိုလုပ်ကြံရန် ကြိုးကိုင်သူအဖြစ် "ရာဇာစိုး"ဆီကနေ သက်သေထွက်ခံရပြီး အာမခံဖြင့် ထောင်ဒဏ်မကျခဲ့သော်လည်း မျက်နှာကိုရှေ့မထုတ်ပြလာတော့သည်မှာကြာပြီ။
"ခရိုင်"ကလည်း နိုင်ငံခြားကိုပြန်ထွက်သွားသည်မှာ ရှေ့တစ်ပတ်ကတည်းကပင်။