Unicode
"You're My Husband"
အပိုင်း(၂)။ ။
(၁)....🌧🌻
"သွန်း"
"လင်း"
"သွန်း"သည် အမှောင်ထုတစ်နေရာထဲတွင်မှ နာမည်ခေါ်သံကြားရာ နောက်သို့လှည့်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်၏ကျောပြင်ကိုမြင်လိုက်ရသည်။
"လင်း၊ လင်းလားဟင်"
ထိုကျောပြင်က ငြိမ်သက်နေကာ လှည့်မကြည့်လာပေ။
"လင်း"
"ကိုယ့်ကိုချစ်သေးရဲ့လား"
ထိုကျောပြင်ဘက်က မေးလာသောစကားကြောင့် "သွန်း" မျက်ရည်ကျလာမိသည်။
"ချစ်တာပေါ့ လင်းရယ်၊ နင်ငါ့ကိုမချစ်တော့ ငါ့အတွက်နည်းနည်းနာကျင်ရုံပါ"
"ကိုယ်လည်းမင်းကိုချစ်ပါတယ်"
"ဟင် တကယ်လား လင်း"
"သွန်း"သည် အဖြေပြန်ရပြီးခြင်း ဝမ်းသာစွာနှင့် ထိုကျောပြင်ကိုအပြေးသွားပွေးဖက်လိုက်သောအခါ...
"ဟင်"
ထိုကျောပြင်မှာ တဖြည်းဖြည်းနှင့် အရိပ်တစ်ခုလိုကွယ်ပျောက်လာကာ ဖမ်းဆုပ်ခွင့်လည်းမရတော့ပေ။
"လင်း၊ လင်း လင်း လင်း...လင်း"
လုံးဝကွယ်ပျောက်သွားပြီးဖြစ်သော ထိုအရိပ်ကို ကြောက်ရွံ့ထိတ်လန့်စွာ အရူးတစ်ယောက်လိုရှာဖွေမိရင်းမှ...
"သွန်း..."
သိမ်မွေ့လှသော ခေါ်သံတစ်သံသည် "သွန်း"၏စိတ်အာရုံကိုနိုးထသွားစေပါ၏။
ရက်ပေါင်းများစွာ ချထားခဲ့ရသော မျက်လွှာမှာ ဖြည်းဖြည်းချင်းဖွင့်ဟလာ၏။ အမြင်အာရုံသည် အမှောင်မှပြာနှံ့နှံ့၊ တဖြည်းဖြည်းနှင့် ကြည့်လင်လာတော့သည်။
"သွန်း၊ သတိရလာပြီလား"
ထပ်ကြားလာရသော သိမ့်သိမ့်မွေမွေခေါ်သံရှိရာ ညာဘက်သို့ဖြည်းဖြည်းချင်းခေါင်းလှည့်ကြည့်လိုက်သောအခါ...
"သွန်း"
နွေးထွေးသောအပြုံးနှင့် ကြည့်နေသော ခပ်ငယ်ငယ်ကောင်လေးချောတစ်ယောက်ကိုမြင်လိုက်ရပါ၏။ သို့သော် အာရုံထဲတွင် ဗလာနိတ္တိ။