Who Doesn’t Like a Sweet Little Alpha?《小甜A谁不喜欢呢》
စာရေးသူ - 最爱梅子酒
ဘာသာပြန် - Chi Rou De Tu Tu { Satt_Shan }ချိုမြိန်တဲ့Alphaလေးကို ဘယ်သူကသဘောမကျဘဲနေမှာလဲ!
~ ~ ~ ~ ~ ~ ~
စူးယွီကျူံးသူ့နှာခေါင်းထိပ်ကို လက်ညိုးနဲ့အနည်းငယ်ပွတ်လိုက်တယ်။
Rut ဖြစ်မယ့်အချိန် နီးကပ်လာလို့ ထင်ပါရဲ့ ဒီအတောအတွင်းမှာ သူရဲ့ ဖယ်ရိုးမုန်းတွေကမတည်မငြိမ် ဖြစ်လို့နေလေတယ်။ မကြာခဏကိုဘဲ ဖယ်ရိုးမုန်းတွေကို အလိုအလျောက်ထုတ်လွှတ်မိနေတက်တယ်။ သူကိုယ်တိုင်လဲ ဒါကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို သင်လို့မတတ်ပေ။
တခြားAlphaတွေမပြောနဲ့ အိမ်ကသူ့အမေကတောင် သူ့ကိုကြည့်မရဘူး။ စူးယွီကျုံးသက်ပြင်းချရင်း ခါးကိုင်းကာ ခုံတန်းလျားအောက်ခြေကိုငုံကြည့်လိုက်တယ်။ ခုံရဲ့အောက်ခြေမှာ တစ်လက်လက်တောက်ပနေတဲ့ ပစ္စည်းအသေးလေးတစ်ခုက ငြိမ်သက်စွာနဲ့လဲလျောင်းလို့နေတယ်။သူလက်ကိုဆန့်ထုတ်လိုက်ပြီးတော့ ထိုပစ္စည်းအသေးလေးကိုကောက်ယူကာ လက်ဖဝါးထဲထည့်ပြီး ကြည့်ကြည့်လိုက်တယ်။
ထိုအရာလေးကရေစက်ပုံသဏ္ဍာန် ဆွဲသီးလေးတစ်ခုဖြစ်ပြီးတော့ မျက်နှာပြင်ကို ချောမွေ့နေအောင်သွေးထားတာကြောင့် တောက်ပလို့နေတယ်။ ခပ်ဖျော့ဖျော့ အပြာရောင်ထဲမှာမှ စူးရှနေတဲ့အလင်းစက်လေးတွေက ထိုးထွက်ကာတောက်ပလို့နေတယ်။ညအချိန် ကြယ်ပွင့်တွေနဲ့တလက်လက်တောက်ပနေတဲ့ ကောင်းကင်ကြီးလိုပဲ။ အရမ်းလှတယ်။
တစ်ချက်ကြည့်ရုံနဲ့တင် တန်ဖိုးကြီးတဲ့အရာမှန်းသိသာလွန်းလှတယ်။စူးယွီကျုံး နေရာမှအမြန်ထရပ်ပြီး ထိုလူကြီးဆီပြန်ပေးဖို့လိုက်သွားချင်သော်လည်း ---
“ စူးယွီကျုံး အလှည့်ရောက်ပြီ။ “
သူနာပြုက အခန်းဝကနေ လှမ်းခေါ်တဲ့အသံထွက်လာခဲ့တယ်။ နေရာမှာမလှုပ်ရှားပဲကြောင်ရပ်နေတဲ့ သူ့ကို သူနာပြုကထပ်ပြီးလှုံဆော်လိုက်တယ်။ “ ဘာကိစ္စငေးနေသေးတာတုန်း။မြန်မြန်ဝင်လာလေ။ “
စူးယွီကျုံးသူမကိုကြည့်လိုက်တယ်။ နောက်ပြီး စင်္ကြန်လမ်းအဆုံးဘက်ကို တုန့်ဆိုင်းစွာနဲ့တစ်ချက်ပြန်ကြည့်လိုက်တယ်။ ထိုသူရဲ့ပုံရိပ်ဟာဓာတ်လှေကားထဲသို့ဝင်ရောက်ကာ မြင်ကွင်းရှေ့ကနေပျောက်ကွယ်လို့သွားတယ်။
YOU ARE READING
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romanceဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။