အပိုင်း၁၀-၁+၁၀-၂

407 58 1
                                    

အပိုင်း ၁၀-၁

စူးယွီကျုံး စိတ်ထဲမှာတစ်ခဏလောက်အတော်လေး ရွှင်မြူးလို့သွားတယ်။ တစ်ခါအခန်းရဲ့ပိုင်ရှင်ကို ပြန်တွေးမိတော့ သူစု့ချန့်ကိုအမြန်ကြည့်လိုက်ပြီး ဂရုစိုက်တဲ့လေသံမျိုးနဲ့ မေးလိုက်တယ်။ " အဲ့ဒါဆိုခင်ဗျားကရောဘယ်မှာနေမှာလဲ? "

" အောက်ထပ်ကမာစတာအိပ်ခန်း။ "

စု့ချန့်အခန်းထဲကိုဝင်လိုက်ပြီး ဗီရိုကိုဖွင့်လိုက်တော့ အထဲမှာ သပ်သပ်ရပ်ရပ်၊စီစီရီရီနဲ့ ခေါက်သိမ်းထားတဲ့ စောင်နဲ့ အိပ်ယာခင်းတွေအပြင် တစ်ကိုယ်ရေတစ်ကာယသုံးပစ္စည်းတွေကို တွေ့လိုက်ရတယ်။

" ဒါတွေအကုန်လုံးက အသန့်တွေချည်းပဲ။ မင်းသုံးလို့ရတယ်။ "

စူးယွီကျုံး ခေါင်းညိတ်ပြလိုက်ပြီး ကျေးဇူးတင်ပါတယ်လို့ပြောခါနီးမှာပဲ၊ ရင်းနှီးနေတဲ့ဖုန်းမြည်သံကိုကြားလိုက်ရတယ်။

သူဘောင်းဘီအိတ်ကပ်ထဲကနေပြီးဖုန်းကိုထုတ်ယူလိုက်တယ်။

ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ပြီး သူချက်ချင်း ပြန်မဖြေဘဲ စု့ချန့်ကိုတွန့်ဆုတ်တွန့်ဆုတ်နဲ့အရင်ကြည့်လိုက်တယ်။

စု့ချန့်ကသူ့ကိုခေါင်းညိတ်ပြလိုက်ပြီး စကားဆိုလိုက်တယ်။ " မင်းလွတ်လွတ်လပ်လပ်၊ အဆင်ပြေသလိုနေပါ။ ကိုယ်အခုစာဖတ်ခန်းမှာသွားပြီး စီစဉ်စရာ/လုပ်စရာရှိတဲ့ အလုပ်ကိစ္စတွေသွားစီစဉ်ပြီးလုပ်ရဦးမယ်။ ကိုယ့်ကိုလာပြီးနှောက်ယှက်တာကလွှဲရင် မင်းလုပ်ချင်တဲ့ ဘယ်ကိစ္စမဆိုလုပ်လို့ရတယ်။ "

ပြောပြီးတာနဲ့ သူအခန်းထဲကနေ ထွက်သွားတော့တယ်။

စူးယွီကျုံး တံခါးဝကနေပြီးပျောက်ကွယ်သွားတဲ့ သူ့ပုံရိပ်ကိုကြည့်ရင်းနဲ့ အနောက်ကနေလိုက်ပြီး လှေကားကနေအောက်ထပ်ကိုဆင်းသွားတာကို အဝေးကနေငေးကြည့်နေမိတယ်။ ပြီးကာမှသူ့အကြည့်တွေကိုပြန်ရုတ်သိမ်းလိုက်ပြီး ဖုန်းဆီကိုအကြည့်ပြန်ပို့လိုက်တယ်။

အခုလေးတုန်းခေါ်တဲ့ဖုန်းကို မကိုင်လိုက်တဲ့အတွက်ကြောင့် ဖုန်းကအသံခဏလောက်မြည်ပြီးတော့ ချက်ချင်းပြန်ကျသွားတယ်။စူးယွီကျုံးပြန်ခေါ်ဖို့လုပ်နေတုန်းမှာပဲ အဲ့ဒီဖုန်းနံပါတ်နဲ့တစ်ခါထပ်ခေါ်လာပြန်တယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now