စု့ချန့်CCTVထိန်းချုပ်ခန်းထဲကနေထွက်လိုက်ပြီး ဒုတိယကိုတိတ်တဆိတ်လျှောက်သွားလိုက်တယ်။
အဓိကအိပ်ခန်းရှေ့ကိုသွားလိုက်တယ်။ တကယ်ကိုပဲ အစကသေချာပိတ်ထားခဲ့တဲ့တံခါးက အခုချိန်မှာတော့ ပွင့်လို့နေပြီး အဟလေးတစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်။
သူ့တံခါးလက်ကိုင်ကိုကိုင်လိုက်ပြီး တံခါးကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တယ်။
" ကျွီ~ "
အခန်းတံခါးဖွင့်ရာကနေပြီး အသံတစ်ချက်ထွက်လာခဲ့တယ်။ စင်္ကြံမှာထွန်းထားတဲ့ မီးအလင်းရောင်ကမှောင်မဲနေတဲ့အခန်းထဲကို အခန်းထဲကိုဖြာကျလို့သွားပြီးတော့ အလင်းရောင်ကိုဖျော့ဖျော့ကိုပေးစွမ်းလို့နေတယ်။
အခန်းထဲမှာတော့ဘာလှုပ်ရှားမှု / ဘာလှုပ်ရှားသံမှမကြားရပေ။
စု့ချန့်ဘာသံမှမပေးခဲ့သလို မီးလည်းမဖွင့်ခဲ့ပေ။ သူ့မျက်လုံးကိုအရင်ဆုံးအမှောင်ထဲမှာ အသားကျအောင်အရင်လုပ်လိုက်ပြီး အသားကျပြီဆိုကာမှ အထဲကိုလျှောက်ပြီးဝင်သွားလိုက်တယ်။
ခြေလှမ်းနှစ်လှမ်းတောင်မရှိသေးဘူး တစ်စုံတစ်ခုက သူ့ရှေ့မှာတားဆီးလို့နေတယ်။
မြင်ရတဲ့ ပုံပန်းသဏ္ဌာန်အရ ခရီးဆောင်အိတ်တစ်လုံးဖြစ်ဟန်ပင်။
နောက်ဆုံးသေချာအောင်အတည်ပြုပြီးတဲ့နောက်မှာတော့ စု့ချန့်ဖြည်းညှင်းစွာနဲ့ သက်ပြင်းချလိုက်တယ်။ သူဘာကြောင့်စိတ်လှုပ်ရှားပြီးတုန့်လှုပ်နေမှန်းမသိပေမယ့်လည်း သူစူးယွီကျုံးကို ထွက်မသွားစေချင်တာကတော့ အတည်ပင်။
အနည်းဆုံး၊လောလောဆည်ထိကတော့ ဒီသဘောတရားပင်။
စု့ချန့်ခေါင်းမော့ပြီးအခန်းထဲကိုလှမ်းကြည့်လိုက်တယ်။ ကုတင်းပေါ်မှာ ဖုဖောင်းနေသယောင်ရှိတဲ့ အလုံးထုပ်လေးကိုသူမြင်ရနေပြီဖြစ်တယ်။ သူခြေကိုထပ်ဖော့လိုက်ပြီး တိုးတိုးတိတ်တိတ်နဲ့ ဖြေးဖြေးချင်းကုတင်ရှိရာကိုလျှောက်သွားလိုက်တယ်။ နောက်ဆုံးတော့ မှိန်ဖျော့နေတဲ့ အလင်းရောင်အောက်မှာပဲ သူ့ကုတင်ဘေးမှာ ထိုင်ချလိုက်တယ်။
ESTÁS LEYENDO
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romanceဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။