အပိုင်း၈-၅

430 66 5
                                    

အပိုင်း၈-၅

စူးယွီကျုံးတကယ်ကိုအတော်လေး စိတ်လက်ပေါ့ပါးနေတယ်လို့ သူခံစားနေရတယ်။

သူခန္ဓာကိုယ်ကိုရောင်းစားရလောက်အောင်ထိ သူ့ကငွေလိုနေတာမျိုးလဲမဟုတ်။ သူ့စု့ချန့်အပေါ်မှာ စိတ်ဝင်စားမှုအနည်းငယ်နဲ့ အမြင်ကောင်းလေးရှိတယ်ဆိုပေမယ့်လည်း စိတ်ဝင်စားတယ်ဆိုတဲ့ဒီလိုခံစားချက်မျိုးက အရမ်းကိုကျိုးပဲ့လွယ်လွန်းတယ်။ ဘာနဲ့တူလဲဆိုတော့ ဆပ်ပြာပူဖောင်းလေးတွေလိုပဲ တစ်ချက်လေးထိလိုက်တာနဲ့ ဖောက်ကနဲပျောက်ကွယ်သွားနိုင်တယ်။

တကယ်လို့ စု့ချန့်သာ သူ့သဘောထားကို တောက်လျှောက်မပြောင်းလဲပဲ ဒီပုံစံအတိုင်းပဲဆိုရင်တော့ သူလည်းအရေးလုပ်မနေတော့ဘူး။ သူ(စု့ချန့်)ရဲ့အသုံးချခံကိရိယာလေးတော့ သူလည်းဖြစ်ချင်မနေဘူးလေနော်။ ဘာပဲဖြစ်ဖြစ် သူ့လုပ်နိုင်စွမ်းနဲ့ အိပ်ယာပေါ်ကစကေးတွေကလည်းသာမန်ပဲကို....။( Main_Z01:ဖွီး....။ ကိုယ်တော့ရယ်သေ။ )

ဒါကိုတွေးမိလိုက်တာနဲ့ စူးယွီကျုံးရဲ့ခြေလှမ်းတွေက ပိုတောင်မြန်လို့လာတယ်။

သူအခန်းထဲပြန်ရောက်ရောက်ချင်းမှာပဲ သူတစ်ခါထပ်ပြီးရေချိုးခန်းထဲဝင်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှာကျန်နေတဲ့ခြေရာလက်ရာနဲ့ ချွေးစေးများကိုဆေးကြောပစ်လိုက်တယ်။ နောက်ပြီး ဆေးလည်းနည်းနည်းလောက်ထပ်လိမ်းလိုက်သေးတယ်။

နာကျင်မှုကြောင့်ရှုံ့မဲ့နေတဲ့သူ့မျက်နှာက မှန်ထဲမှာအရိပ်ထင်လို့နေတယ်။ နောက်ပြီးသူ့မျက်ဝန်းအကြည့်တွေထဲမှာလည်း စိတ်ဆိုးပြီးဒေါသထွက်တဲ့အရိပ်တွေ ရစ်သိုင်းလို့နေတယ်။

အစတုန်းကတော့ အားလုံးပြန်ကောင်းနေပြီကို အခုတော့ပြန်ပြီးနာလာပြန်ပြီး။

သေချာယှဉ်ကြည့်လိုက်ရင် သူ့တစ်ကိုယ်လုံးသန့်သန့်ရှင်းရှင်းနဲ့ ဖြူဖွေးလို့နေပြီး တကယ်လို့သာ သူ့ကိုယ်ပေါ်မှာသူ့မပိုင်တဲ့ သစ်အယ်သီးနံ့တွေစွဲနေတာသာမရှိခဲ့ရင် ခုနလေးတုန်းကဘာဖြစ်ခဲ့တယ်ဆိုတာကို ကြည့်ရုံနဲ့တစ်စက်လေးမှမသိနိုင်ပေ။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now