စု့ချန့်ပြောတဲ့ စကားအဓိပ္ပာယ်ကို နားလည်သွားတော့ စူးယွီကျုံးရဲ့ပါးပြင်တွေက မြင်သာတဲ့နှုန်းနဲ့ကို နီရဲလို့လာတယ်ပြီး နှလုံးခုန်နှုန်းကလည်းအနည်းငယ်မြင့်တက်လို့သွားတယ်။
ဒါပေမဲ့လို့ သူဒီစကားနှစ်ခုရဲ့ကြားကဆက်စပ်မှုကို နားမလည်နိုင်သေးပေ။
" ဘာလို့လဲ? " စူးယွီကျုံးတစ်ယောက်ရှုပ်ထွေးစွာနဲ့ " ခင်ဗျားအစည်းအဝေးသွားတာနဲ့ ။ ကျွန် ... ကျွန်တော်တို့ အတူအိပ်တာနဲ့ ဘာဆိုင်လို့လဲ? "
" အခုအခြေအနေကတည်ငြိမ်နေတာပဲလေ။ Rut ရောHeatရော ဝင်နေတာလဲမဟုတ်ဘူးလေ။ နောက်ပြီး ...... နောက်ပြီး မနက်တုန်းကမှ ကားထဲမှာ........။ "
ကျန်တဲ့စကားတွေကို စူးယွီကျုံးရှေ့ဆက်လို့ပြောမထွက်တော့ပေ။
စု့ချန့်တစ်ယောက်ထိုသူရဲ့ရှောင်ဖယ်နေတဲ့ မျက်ဝန်းအကြည့်တွေ၊ နီရဲလို့နေတဲ့ ပါးပြင်တွေနဲ့ နားရွက်ဖျားတွေကိုကြည့်ရင်းနဲ့ မသိလိုက်ပဲ ကျေကျေနပ်နပ်ကြီးကိုပြုံးလိုက်မိတယ်။ ရေခဲသေတ္တာကိုဆွဲဖွင့်လိုက်ပြီး အတော်လေးကိုကောင်းနေတဲ့ စိတ်အခြေအနေနဲ့ လက်ထဲက မျက်စီရှုပ်လို့နေတဲ့ သူရဲ့ ကျဆုံးမှုသက်သေခံပစ္စည်းတွေကိုပစ်ထည့်လိုက်တယ်။
နောက်တော့ သူကဆက်ပြီး " အဟုတ်ပဲ။မနက်ကနေပြီး အခုထိ ငါတို့ Rut ရောHeatရော မဝင်လာဘူး။ ဒါက ငါတို့အတူအိပ်တာအကျိုးရှိတယ်ဆိုတာပဲလေ။ "
" အဲ့ဒါကြောင့်မို့ ငါအစည်းအဝေးလုပ်နေတဲ့အချိန်မှာ မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်မလာအောင်လို့ ငါတို့တစ်ခေါက်လောက်ထပ်လုပ်ဖို့လိုတယ်။ "
စု့ချန့်ရဲ့အမူအရာက တဖြည်းဖြည်းနဲ့ လေးနက်လို့လာတယ်။ သူစူးယွီကျုံးကို ဟာသလုပ်နေတာလဲမဟုတ်သလို ခြိမ်းခြောက်နေတာလဲမဟုတ်ပေ။ သူတကယ်ကိုလိုအပ်နေလို့သာ။
" ဟုတ်တာပေါ့။ အစည်းအဝေးက မနက်ဖြန်နေ့လယ်ခင်းမှာဆိုတော့ အကောင်းဆုံးကတော့ မနက်ဖြန်မနက်မှာ လုပ်တာပဲ။ "
ဒီနေ့ရဲ့ အခြေအနေကိုကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင် အဲ့လိုက အနည်းဆုံးတော့ သူအစည်းအဝေးလုပ်ပြီး ပြန်လာတဲ့အချိန်ထိတောင့်ခံထားနိုင်လိမ့်မယ်။
KAMU SEDANG MEMBACA
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romansaဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။