အပိုင်း၁၄-၃
စု့ချန့်ဆက်ပြီးတော့လှုပ်ရှားတော့မယ့်အချိန်မှာပဲ လူငယ်လေးကသူရဲ့ ဖြူနုနေတဲ့လက်လေးကိုဆန့်ထုတ်လာပြီးတော့ အမျိုးသားရဲ့ကျယ်ပြန့်တောင့်တင်းလှတဲ့ပုခုံးကို ခုခံလိုမှုအချို့နဲ့တွန်းလိုက်တယ်။
စု့ချန့်သူ့အောက်ကလူရုန်းကန်နေတာကို ခံစားမိလိုက်တယ်။
သူ့မျက်မှောင်ကြုတ်တွေ ဖြည်းဖြည်းချင်းကြုတ်လာပြီး ဘာကိုမှဂရုမစိုက်ပဲရှေ့ဆက်ချင်နေပေမယ့် စိတ်ထဲဘယ်လိုဖြစ်တယ်မသိ သူ့အတွေးပင်လယ်တွေမှာ ရှုပ်ထွေးလွန်းလှတဲ့ သူတို့ရဲ့ပထမညကိုပြန်မြင်ယောင်လို့လာတယ်။
မှိန်ဖျော့ဖျော့အလင်းရောင်အောက်မှာ လူငယ်လေးကနာကျင်မှုကြောင့်ငိုကြွေးနေတဲ့ပုံစံလေးက သူမျက်လုံးတွေရှေ့မှာရှင်းရှင်းလင်းပေါ်လို့လာပြီး သူ့ရှေ့ကလူသားလေးပေါ်မှာတစ်ထပ်တည်း သွားကျလို့နေတယ်။
စု့ချန့်လှုပ်ရှားနေရာကနေပြီးတော့ ရပ်လိုက်တယ်။
ဟုတ်တယ်။ သူက အတ္တမာနကြီးပြီးရိုင်းစိုင်းတဲ့ အယ်လ်ဖာတွေထဲက တစ်ယောက်မဟုတ်သလို သူဘယ်လောက်လဲ ထိန်းချုပ်လိုစိတ်ပြင်းထန်နေပါစေ ဒီလူသားလေးကတော့ သူအမုန်းဆုံးပုံစံအဖြစ်ပြောင်းလဲသွားဖို့ကတော့မဖြစ်နိုင်ပေ။
" သက်သောင့်သက်သာမရှိဘူးလား? "
စု့ချန့် အယ်လ်ဖာငယ်လေးကိုငုံ့ကြည့်လို့နေပြီး သူ့ရဲ့ တုန့်ပြန့်မှုအမှုအရာအားလုံးက သူ့အကြည့်တွေအောက်မှာရှင်းလင်းလို့နေလေတယ်။
လူငယ်လေးက သူ့ခေါင်းကိုဘေးအနည်းငယ်လှည့်လိုက်ကာ သူ့အကြည့်တွေကိုရှောင်လို့နေတယ်။
စကားပြောဖို့ငြင်းဆန်နေတဲ့သူ့ပုံစံလေးက စု့ချန့်ကိုနည်းနည်းတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားစေတယ်။ သူတစ်ခါမှဒီလိုအခြေအနေမျိုးကို မကိုင်တွယ်ခဲ့ဖူးပေ။
ဒီအချိန်မှာပဲ လူငယ်လေးရဲ့ နူးနူးညံ့ညံ့အသံတိုးတိုးလေးနဲ့ ပြောလာတဲ့စကားသံကိုကြားလိုက်ရတယ်။
YOU ARE READING
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romanceဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။