အပိုင်း၁၀-၅
စု့ချန့်တစ်ယောက်နောက်ဆုံးမှာ နှုတ်ခမ်းတွေကိုဖွင့်ဟပြီးမေးလိုက်တယ်။
စူးယွီကျုံး ဟုတ်ကြောင်းအသံပြုလိုက်ပြီး ကြိုးစားပမ်းစားနဲ့ ဆက်ပြီးခေါင်းငုံ့လို့သာစားသောက်နေတယ်။
စု့ချန့် အခုထိကိုနားမလည်နိုင်သေးပေ။ သူရဲ့ ဆန့်ကျင့်ဘက်မှာထိုင်ပြီးအားပါးတရစားနေတဲ့ လူငယ်လေးကိုကြည့်ပြီး သူ့အစားစားချင်စိတ်တွေ နှိုးကြွလာတယ်ဆိုပေမယ့်လည်းပေါ့။ သူမထိန်းချုပ်နိုင်ပဲ ထပ်မေးလိုက်တယ်။
" မင်းကဘာကိစ္စချက်ပြုတ်တတ်နေတာလဲ? "
ချက်ပြုတ်တယ်ဆိုတာက ဘီတာနဲ့ အိုမီဂါတွေပဲ မဖြစ်မနေသင်ရတဲ့ အရာတွေမဟုတ်ဘူးလား? ဘာလို့အယ်လ်ဖာတစ်ယောက်က ချက်ပြုတ်တတ်နေရတာလဲ?
ချက်ပြုတ်တတ်တာ အရမ်းထူးဆန်းနေလို့လား?
စူးယွီကျုံး သူ့ကိုခေါင်းကိုမော့ကြည့်လိုက်ပြီး ဖြစ်သလိုဖြေလိုက်တယ်။ " ဒါကရှင်သန်နေထိုင်ဖို့အတွက် အခြေခံအကျဆုံးလိုအပ်ချက်မဟုတ်ဘူးလား? "
" .......။ "
စု့ချန့် သူ့ကိုပြန်လည်ကြည့်လိုက်တယ်။ လူငယ်လေးမျက်နှာပေါ်မှာ နှိမ့်ချဟန်ဆောင်ထားတဲ့ဝင့်ကြွားမှုတွေမရှိတာသေချာအောင် အတည်ပြုလိုက်တယ်။ သူအဲ့ဒီအခါမှ ပန်းက်လုံးကိုစကောက်ကိုင်လိုက်ပြီး အရင်ဆုံးဇွန်းကိုကိုင်လိုက်ကာ ဟင်းရည်တစ်ဇွန်းကိုအရင်ထည့်လိုက်တယ်။
( ဒီမှာဆို သူက凡尔赛 လို့သုံးထားတာပါ။ 凡尔赛ဆိုတာက ပြင်သစ်တော်ဝင်နန်းတော်ရဲ့ အမည်နာမ တစ်ခုပါ။ ဒါကိုတရုတ်ပြည်မမှာကျ ဗန်းစကားအနေနဲ့ သုံးတာမျိုးရှိပါတယ်။ နှိမ့်ချယောင်ဆောင်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ဖော်တဲ့ သူမျိုးကိုလည်းသုံးကြပါတယ်။ )
ကြည်လင်နေတဲ့ ပေါင်းဖူးနံရိုးဟင်းရည်ကို မလေးမပင့်နဲ့ ခပ်ချိုချိုလေးပင်။ ငန်လည်းမငန်သလို ပေါ့ရွတ်လည်းမနေပေ။ ထူးခြားစွာနဲ့ပင် အရသာက သူ့အကြိုက် ခံတွင်းအတွေ့ပင်။
စူးယွီကျုံးကတော့ စု့ချန့်ကိုငေးမောကြည့်နေဆဲပင်။
ဒါက ပထမဆုံးအကြိမ် သူတို့အတူတူ ဒီလိုမျိုးအဆင်ပြေပြေနဲ့ မျက်နှာဆိုင်ပြီး ထိုင်ကြခြင်းပေ။
ထိုယောကျ်ားမှာ ချောမောဆွဲဆောင်လွန်းသောမျက်နှာလေးရှိတယ်။ ဆံပင်တွေကတော့ထူထဲပြီး နက်မှောင်လို့နေတယ်။ စုတ်တံကဲ့သို့သောမျက်တောင်ရှည်တွေက မျက်ဝန်းတွေကိုအောက်စိုက်လိုက်တဲ့အခါမှာတော့ သူတို့ပါတစ်ပါတည်း အောက်ကိုစင်းကျလို့လာပြီး မျက်ဝန်းထဲက ခံစားချက်အစုံကို ဖုံးကွယ်လို့ပေးကာ အေးစက်တဲ့အသွင်အပြင်ကိုဖော်ညွှန်းလို့နေတယ်။
သို့သော်ညားဘာကြောင့်ရယ်မသိဘူး ထိုလူသားဇွန်းကိုမကိုပြီး ဟင်းရည်ကိုသောက်လိုက်တဲ့ အခိုက်အတန့်မှာ တင့်တယ်ပြီး ရင့်ကျက်တည်ငြိမ်တဲ့ ဟန်ပန်အနေမျိုးလည်းပျော်ဝင်လို့နေတယ်။ ကြည့်လေကြည့်လေမျက်စီပဒေသာြဖစ်လေလို့ စူးယွီကျုံးတစ်ယောက်ခံစားလိုက်ရတယ်။
သူမထိန်းချုပ်နိုင်စွာနဲ့ အချိန်တော်အနည်းငယ်လောက်ငေးစိုက်ကြည့်နေမိတယ်။
စု့ချန့် လူငယ်လေးရဲ့အကြည့်တွေကိုခံစားမိတော့ အထင်လွဲသွားပြီး နောက်ဆုံးနှုတ်ခမ်းတွေကိုဖိလိုက်ပြီး ခပ်အေးအေးနဲ့ပြောလိုက်တယ်။ " အမှန်ပဲ၊ အဆာပလာနဲ့ ပါဝင်ပစ္စည်းတွေကိုကျက်အောင်ချက်ရုံပဲမလား? ဘယ်သူမဆိုလုပ်တတ်တာပဲ။ "
စူးယွီကျုံးခေါင်းကိုပေါ့ပေါ့ပါးပါးညိတ်ပြလိုက်တယ်။
သူစု့ချန့်ရဲ့စကားကို တစ်ခြားဘယ်လိုမှမတွေးမိပေ။ ဟင်းချက်တာရဲ့ အခြေခံအကျဆုံးအချက်ကလည်း ဟင်းကိုကျက်အောင်အရင်ချက်ရတာပဲမလားလို့။
ဒါပေမဲ့ သူမထိန်းချုပ်နိုင်စွာနဲ့ပြောလိုက်မိသေးတယ်။ : " အဲ့ဒါဆိုညစာခင်ဗျားချက်လိုက်မလား? "
စု့ချန့် " ........။ "
Main_Z01: ဖွီး....ဟားဟား...ဟား။ ကိုယ့်ကိုမရှာနဲ့တော့ ကိုယ်ဒီနေရာမှာအူတက် ေ-သွားပြီ။ တစ်ယောက်ကလုံးဝအဖြူထည်။ တစ်ယောက်မြေခွေးအိုကြီး။ အတွေးတွေကတောင်ဝင်ရိုစွန်းနဲ့မြောက်ဝင်ရိုးစွန်း။
YOU ARE READING
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romanceဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။