အပိုင်း၁၃-၃

253 32 2
                                    


စု့ချန့်ခပ်ဖွဖွရယ်လိုက်ပြီး ဆိုဖာကိုပြန်မှီလိုက်ကာ စမ်းရေကိုပြန်ဆက်သောက်နေလိုက်တယ်။

စူးယွီကျုံးသူ့အခန်းကိုအပြေးပြန်သွားပြီး တံခါးကိုဘုန်းကနဲနေအောင်ပိတ်ချလိုက်တယ်။

တဒုန်းဒုန်းခုန်နေတဲ့ သူ့နှလုံးခုန်သံကို သူပြန်ခံစားမိနေတယ်။ နောက်ဆုံးမီးတောင်မဖွင့်တော့ဘဲ မျက်နှာကိုအုပ်လျက်နဲ့ ရေချိုးခန်းထဲကိုတစ်ခါတည်းပြေးဝင်သွားတော့တယ်။

" ဝေါ_ _ _ "

အလျင်အမြန်ပဲ ရေချိုးခန်းထဲကနေပြီး ရေကျသံတွေထွက်ပေါ်လာခဲ့တယ်။

ရေချိုးပြီးတဲ့နောက်မှာတော့ စူးယွီကျုံးတစ်ယောက် သူ့စိတ်ကလေးလုံးဝငြိမ်သက်ပြီလို့ ခံစားလိုက်ရတယ်။ သို့ပေမဲ့လို့ ဒီလိုညနက်ထဲမှာ ......။

သူလုံးဝအိပ်မပျော်နိုင်ဘူးတဲ့။

သူကုတင်ပေါ်မှာလှဲနေပြီး မျက်လုံးမှိတ်လိုက်တာနဲ့ နောက်တစ်နေ့မနက်ခင်းမှာ စု့ချန့်သူ့ကိုလာရှာတဲ့မြင်ကွင်းကြီး မျက်လုံးထဲမှာ ပေါ်ပေါ်လာတယ်။ အဲ့တာနဲ့ သူဟိုဘက်လှိမ့်ဒီဘက်လှိမ့်လိုက်နဲ့ တစ်ညလုံးဘယ်လိုမှအိပ်မပျော်တော့ပေ။

" ဟူး......။ "

စူးယွီကျုံးမျက်နှာကျက်ကို မှင်တတ်တက်နဲ့ငေးကြည့်နေရင်း သက်ပြင်းချလိုက်မိတယ်။

ဒီလိုဖြစ်မယ်မှန်းသိရင် အစောကတည်းက သူစု့ချန့်ပြောတာကိုလက်ခံလိုက်ပါတယ်။ အဲ့လိုဆိုအခုလိုကြီးလည်း စိတ်ထဲထည့်နေစရာမလိုတော့ဘူး။

သူအဲ့အခိုက်အတန့်က လေထုအခြေအနေကိုပြန်တွေးမိတော့.......

စူးယွီကျုံး ခန္ဓာကိုယ်ကိုဘေးတစ်စောင်းလှည့်လိုက်ကာ ဖက်ခေါင်းအုံးကိုဖက်လိုက်ပြီး ပူလောင်စပြုနေတဲ့ သူ့မျက်နှာကို ထိုခေါင်းအုံးထဲကိုနစ်ဝင်မတက် ပွေ့ဖက်ထားလိုက်တယ်။ တိတ်ဆိတ်လို့နေတဲ့ ညအချိန်က သူ့နှလုံးခုန်သံကို အဆပေါင်းများစွာပိုကျယ်လာစေသလို ခံစားနေရတယ်။

တကယ်ပဲအဖြစ်မရှိလိုက်တာ။

သူမျက်လုံးကိုခပ်တင်းတင်းမှိတ်ထားပြီး တွေးရင်းတွေးရင်းနဲ့ပဲ လူငယ်လေးရဲ့လှုပ်ရှားမှုတွေက မသိလိုက်ပါပဲ တစ်ဖြည်းဖြည်းချင်း ငြိမ်ကျလို့သွားတယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Onde histórias criam vida. Descubra agora