အပိုင်း၁၄-၁

339 42 8
                                    


ဗီလာသုံးထပ်မြောက်ရဲ့ဧည့်ခန်း ၊ မှန်ပြတင်းပေါက်တွေက သန့်ရှင်းပြီးတောက်ပလို့နေတယ်။

နွေရာသီရဲ့ ကိုးနာရီကျော်နေရောင်က ပူပြင်းပြီးတောက်ပလိုနေတယ်။ ကြမ်းပြင်ကနေမျက်နှာကျက်ထိရှိတဲ့ မှန်အပြည့်ပြတင်းပေါက်တွေကိုကျော်ဖြတ်လို့ တစ်ခန်းလုံးကိုလင်းလင်းထင်းထင်းနဲ့ တောက်ပစွာဖြာကျလျှက်ရှိတယ်။

အခန်းအလယ်မှာရှိနေတဲ့ ကုတင်ကြီးရဲ့ဘေးအစွန်းမှာထိုင်နေတဲ့ ယောက်ျားက လူငယ်လေးရဲ့ စကားသံကိုကြားတော့ သူပုံစံကအနည်းငယ်အံ့ဩသွားပုံရတယ်။

စူးယွီကျုံးပြောပြီးကာမှ စု့ချန့်ရဲ့ငေးကြောင်ကြောင်နဲ့ထိုင်နေဆဲပုံကိုမြင်ကာမှ သူ့နှုတ်ခမ်းတွေကိုဖိကပ်လိုက်ပြီး အသံခပ်တိမ်တိမ်လေးနဲ့မေးလိုက်တယ်။ " ဒါ .... ခင်ဗျားရဲ့ အောက်ဆုံးသည်းခံနိုင်စွမ်းကိုကျော်လွန်သွားတဲ့ တောင်းဆိုချက်တော့ မဟုတ်ဘူးမလားဟင်? "

" ကျွန်တော်......။ "

ဆက်ပြောမယ့်စကားတွေက လည်ချောင်းထဲမှာတင် တင်းကျပ်လို့နေတယ်။

သူအံ့ဩတုန်လှုပ်စွာနဲ့ မျက်ဝန်းတွေကိုပင့်ကြည့်လိုက်ပေမယ့် စု့ချန့်က သူ့မျက်ဝန်းရှေ့မှာရှိနေတဲ့ အလင်းတွေကိုကားဆီးလို့ထားလိုက်ပြီဖြစ်တယ်။

" ဒုတ်----ဒုတ်---ဒုတ်----။ "

နှလုံးသားတစ်ခုလုံးက ဒရမ်တစ်ခုကဲ့သို့ပင် တဒုန်းဒုန်းခုန်လို့နေတယ်။

ဒီအခိုက်အတန့်တစ်ခဏမှာ စူးယွီကျုံး စု့ချန့်ကိုပဲမြင်နေသလိုမျိုး သူ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ နက်နဲပြီး မှောင်မိုက်လို့နေတဲ့ မျက်ဝန်းအစုံကိုပဲ သူ့မျက်ဝန်းတွေရှေ့မှာ မြင်နေရတယ်။ ထိုမျက်ဝန်းနက်တွေက တောက်လောင်နေတဲ့ မီးတောက်တွေလိုမျိုး၊ အင်း နွေညတွေမှာ ဖြန့်ကျက်ကာ လင်းလက်နေတဲ့ နဂါးငွေ့တန်းတစ်ခုက မျက်ဝန်းတွေမှာတည်ရှိနေသလိုမျိုးနဲ့ပိုတူတယ်။

အရမ်းကြည့်လို့ကောင်းတာပဲ........။

သူမှင်တက်စွာနဲ့ တွေဝေမိန်းမောနေဆဲဖြစ်ပြီး ဒီအနမ်းကိုသူသေသေချာချာလေးတောင် မခံစားလိုက်ရသေးဘူး ထိုလူသားကအနောက်ကိုပြန်ဆုတ်သွားပြီဖြစ်တယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now