တကယ်က Facebookမှာပြောထားတာတွေ့လိုက်လို့ပါ။ ကိုယ်က အဲ့လိုတစ်ပိုင်းတစ်ပိုင်းကိုအပိုင်းတိုလေး သုံးလေးငါးပိုင်းခွဲတင်တာကလည်း ကိုယ်ဘာသာပြန်ဖြစ်အောင်ရယ်။ တစ်ပိုင်းတစ်ပိုင်းအများကြီးဆိုပြီး ပျင်းမနေအောင်ရယ် အဓိကပေါ့နော်။ နောက်ပြီး -၁ ဆိုတာက ကိုယ်နှစ်ရက်အတွင်းပြီးနိုင်နှုန်းလေးကိုခွဲထားတာပါ။
ကိုယ်မေးချင်တာပေါ့နော်။ ကိုယ်ဒီလိုလေးပဲ ၁၀-၁+၁၀-၂ ဆိုပြီးပဲ ငါးရက်ခြား၊လေးရက်ခြား တစ်ခါတင်ပေးရမလား? ကိုယ်ပြန်ပြီး ပြန်ပြီးသလောက် တစ်ရက်နည်းနည်း၊နည်းနည်းတင်ပေးစေချင်လား? ဒါမှမဟုတ် ဆယ်ရက်ခြားအပိုင်းပြည့်တစ်ပိုင်းတင်ပေးစေချင်လားပေါ့နော်။ ကိုယ့်အတွက်ကတော့ လက်ရှိလိုလေးအဆင်ပြေပေမယ့် Loveတို့ဘက်ကအမြင်လေးကိုလည်းသိချင်လို့ပါပေါ့နော်။
နောက်တစ်ခုကကျ ကိုယ် ကိုယ့်အလုပ်နားက ကော်ဖီဆိုင်ကမီနူးလေးအတိုင်း ကော်ဖီဖိုးနဲ့ တယ်လီချန်နယ်လေးလုပ်မလားတွေးနေတာလေးပါ။ လောလောလည်တော့မဟုတ်သေးပါဘူး။ ကော်ဖီဖိုးဖြစ်တဲ့အတွက် ၅၀၀၀ထက်တော့မပိုပါဘူး။ အဲ့ဒါကလည်းအပိုင်းများလာမှပါ။ ချန်နယ်ကတော့ ကိုယ်ဘာသာပြန်ပြီးတိုင်း အပိုင်းတိုတစ်ပိုင်းချင်းစီစုထားတဲ့ ချန်နယ်အဟောင်းလေးပါ။ဒီတိုင်း ကော်ဖီသောက်ရင်းတွေးမိတာပါ။ အဟဲကိုယ်က နည်းနည်းကော်ဖီသရဲဆိုတော့ .....။
နောက်ပြီးဒီတစ်ခုကကျအရင်တွေးမိထားတာလေးပေါ့။အစကတော့ ဒီနေ့ကလေးများနေ့မှာ ကိုယ့်ကို Voteအမြဲပေးနေတဲ့ထဲက မျက်မှန်းတမ်းမိနေတဲ့ သူတွေထဲက သုံးယောက်ကို ကိုယ်အပိုင်းစုထားတဲ့ ချန်နယ်လေးထဲ မဲနှိုက်ထည့်ပေးဖို့တွေးထားတာလေးပေါ့။ ဒါပေမဲ့လည်း ချန်မယ်ထဲက အပိုင်းကအတော်ကြီးကိုနည်းလွန်းနေသေးတာကြောင့်မို့ အဲ့တာကိုလည်းနောက်ဆုတ်လိုက်ရတယ်ပေါ့နော်။ ကလေးများနေ့မမှီလိုက်တော့ အဖေများနေ့မှာရွေးပေးပါ့မယ်လို့။
အဟဲတကယ်တော့ ဒီရက်ပိုင်းဟမ်းစတားလေးဝူယိကိုသွားဖတ်နေတာ ဖတ်ရင်းစွဲနေလို့ ဘာသာပြန်ရမယ့်အချိန်ကိုမပြန်ပဲ အဲ့တာကိုငုတ်တုတ်ထိုင်ဖတ်နေတာ။ IQ Teamက အပိုင်း၇၅ထိရောက်သွားပြီဆိုပေမယ့်အားမရလို့ တရုတ်ကဟာကိုသွားဖတ်ရင်းရုန်းမထွက်နိုင်ဖြစ်နေတာလည်းပါတာပေါ့။အမှန်ဆို ဒီနေ့ရွေးပေးလို့ရမှာရယ်။
နောက်ပြီး ကိုယ် OCလေးတွေလည်းပြန်တင်ဖို့လုပ်နေတာမို့ စိတ်ဓာတ်ကျမသွားအောင် Voteမဟုတ်တောင်Viewလေးတွေနဲ့ ဝန်းရံပေးပါဦးလို့။ Voteလေးတွေရလည်းပိုအဆင်ပြေတာပေါ့လို့နော်။
နောက်ပြီး Reading listထဲထည့်ပေးတဲ့အယောက်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့။ Voteပေးတဲ့အယောက်တိုင်းဆီကိုလည်းကျေးဇူးတင်ပါတယ်။ဒီရက်ပိုင်းအတွင်းရုတ်တရက်ကြီး Voteရော Viewရောထောင်တက်လာတဲ့အပြင် Reading list ထဲကိုထည့်ပေးတဲ့သူတွေလည်းအများကြီးရောက်လာတယ်ပေါ့နော်။ ကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ ဘာသာပြန်လေးကိုညွှန်းပေးအတွက်လည်းကျေးဇူးတင်ပါတယ်။ ဒါဆိုကိုယ်တို့၅ရက်နေ့မှာပြန်တွေ့ပါမယ်။ အားလုံးကိုချစ်ပါတယ်။
CITEȘTI
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Dragosteဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။