အပိုင်း၁၁-၁

398 52 2
                                    

ထမင်းစားခန်းက တိတ်ဆိတ်လို့သွားတယ်။

စူးယွီကျုံးတစ်ယောက် စု့ချန့်ရဲ့ မျက်မှောင်တွေ ကြုံသထက်ကြုံလာပြီး ထူးဆန်းလာတဲ့ပုံသဏ္ဍာန်ကြောင့် သူခပ်ဟဟရယ်လိုက်ပြီး " နောက်တာပါဗျာ၊ ဘယ်လိုလုပ်သူဌေးကြီးကို မီးဖိုချောင်ဝင်ပြီးချက်ပြုတ်ခိုင်းလို့ဖြစ်မလဲ။ "

စု့ချန့်လူငယ်လေးရဲ့အပြုံးတွေကိုမော့ကြည့်ရင်းနဲ့ ဘယ်လိုဖြစ်တယ်မသိ စိတ်ထဲမှာတစ်ခုခုနဲ့ အဖိခံထားရသလိုမျိုးမတင်မကျနဲ့ဖြစ်လို့နေတယ်။

" ကိုယ်ညနေပိုင်းမှာ အလုပ်လုပ်ဖို့ရှိသေးတယ်။ "

သူဒီလိုပြောလိုက်တာက စူးယွီကျုံးကိုလက်ခံအောင်အကြောင်းပြပေးတာနဲ့တူနေသလို ကိုယ့်ကိုယ်ကိုယ် အကြောင်းပြချက်ပေးနေတာနဲ့တောင်ပိုတူသေးတယ်။

" အွန်း၊အွန်း .....။ "

စူးယွီကျုံးခေါင်းညိတ်ပြီး သိကြောင်းအသံပေးလိုက်သော်လည်း လူကတော့ ပန်းကန်ကိုမပြီး ဆက်ပြီးတော့စတင်ကာပြန်လည်စားသောက်နေပြီဖြစ်တယ်။

သူ(စူးယွီကျုံး)စားရတာအတော်လေးကိုအရသာရှိတယ်။ မျက်ဝန်းတွေထဲမှာလည်း သူ့ရဲ့အစားအသောက်အပေါ်မှာထားရှိတဲ့ သစ္စာတရားနဲ့ အရသာအပေါ်ကျေနပ်မှုတွေနဲ့သာ ပြည့်လျှံလို့နေတယ်။ ကြည့်ရတာတကယ်ကို အတော်လေးဆာလောင်နေခဲ့ပုံပင်။

(စူးယွီကျုံး = အစားတလိုင်းအယ်လ်ဖာ = အစားနှင့်အဝယ်ခံရနိုင်သူ = အစားကြောင့်ကျေကျေနပ်နပ်ကြီး အောက်ရောက်သွားသူ )

သို့ပေမဲ့လို့ သူ(စူးယွီကျုံး) စားသောက်တဲ့အခါ တကယ်ကိုပဲလူကိုကူးစက်စေတယ်။အထူးသဖြင့် ကောင်းပေါ့ညွှန့်ပေ့ဆိုတဲ့ အရသာနဲ့ ရှားပါးလှပါတယ်ဆိုတဲ့ ပင်လယ်ရတနာမျိုးကိုတောင် ငြီးငွေ့အောင်စားလာတဲ့ ထမင်းစားတာကို အလုပ်တာဝန်တစ်ခုလို့သတ်မှတ်ပြီးစားလာတဲ့ စု့ချန့်တောင်မှ သူ့စိတ်ရဲ့ ဟိုးအနက်ဆုံးနေရာကနေလာတဲ့ စိတ်ဆန္ဒတစ်ခုကိုခံစားလိုက်ရတယ်။

ဒါပေမဲ့လို့ စူးယွီကျုံးက စားတဲ့နေရာမှာပဲအာရုံစိုက်နေပြီး သူခုနလေးတင်မှ ရှင်းပြလိုက်တဲ့စကားကိုဖြစ်သလိုပဲ ရောသောဖောသောနဲ့ အင်းလိုက်တာကိုမြင်တော့ စု့ချန့်တစ်ခါနင်သွားသလိုခံစားလိုက်ရပြန်တယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Dove le storie prendono vita. Scoprilo ora