လက်တော့ပ်ဝယ်တဲ့ငွေနဲ့ ဂိမ်းစလုပ်တဲ့ အရင်းအနှီးကို စူးလန်ကိုပြန်ဆပ်နိုင်ဖို့ သုံးနှစ်လောက်တောင်အချိန်ယူခဲ့ရတယ်။
သူမကလည်း မငြင်းခဲ့ပေ။ ဘယ်လိုပဲနေနေ ဒါကအစကတည်းက ချေးတာလို့ပြောပြီး ယူခဲ့တာပဲကို၊ ဒါပေမဲ့ ဘယ်လိုမှမထင်ထားတာတော့ ပုံမှန်ဆို Aစရိုက်အရမ်းဆန်လွန်တဲ့ သူ့အမေက သူ့အတွက် အရမ်းကောင်းလွန်းတဲ့ ဟိုတယ်နဲ့ သူနာပြုစောင့်ရှောက်ရေးဝန်ဆောင်မှုတွေကိုတောင် ဘိုကင် တင်ပေးထားခဲ့တယ်။
စူးယွီကျုံး ခေါင်းကိုယမ်းလိုက်ပြီး ပျံ့လွှင့်နေတဲ့ အတွေးတွေကိုပြန်ထိန်းချုပ်လိုက်ပြီး သူ့အကြည့်တွေကို ဖန်သားပြင်ပေါ်ကိုပြန်ပြီးအာရုံစိုက်လိုက်တယ်။
ဒီလိုမျိုး မသိလိုက်မသိဘာသာနဲ့ တစ်နာရီကျော်ကြာသွားခဲ့တယ်။
" ဘွန်း ဘွန်းဘွန်း---။ "
ကားအင်ဂျင်ခုတ်သံကြောင့် စူးယွီကျုံးတစ်ယောက် screenအာရုံစိုက်နေရာမှ သူ့ပတ်ဝန်းကျင်ဆီသို့ အာရုံပြန်လည်လာခဲ့တယ်။ သူမျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ယောင်ဝါးဝါးနဲ့ ပြတင်းပေါက်အပြင်ဘက်ကိုငုံကြည့်လိုက်တယ်။
တစ်ယောက်ယောက်လာတာများလား?
မဟုတ်မှ စု့ချန့်ရဲ့မိသားစုတွေများလား?
စူးယွီကျုံးမတ်တပ်ရပ်လိုက်ပြီး မှန်အပြည့်ပြတင်းပေါက်ဆီကိုလျှောက်သွားလိုက်တယ်။ သူတံခါးဖွင့်ထွက်လိုက်ပြီး လသာဆောင်ကနေ အောက်ကိုတစ်ချက်ငုံ့ကြည့်လိုက်တယ်။
ဗီလာဝန်းထဲ ဘယ်တုန်းက ထရပ်ကားတစ်စီးဝင်လာလိုက်မှန်းမသိပေ။ အခုကြားလိုက်ရတဲ့ အင်ဂျင်သံကထိုကားဆီက ထွက်လာတာဖြစ်ပြီး တဖြေးဖြေးချင်းနဲ့ ဗီလာရဲ့ အဓိကတံခါးမကြီးဆီသို့ ဦးတည်ပြီးမောင်းသွားတယ်။ ( မေ့နေမှာစိုးလို့ပါ။ အပိုင်း၁၁-၃တုန်းကပြောတဲ့ အသားကားပါ။ )
" ဘယ်တုန်းကလာလိုက်တာလဲ? "
စူးယွီကျုံး သူ့ဆံပင်တွေကိုဆွဲဖွလိုက်ပြီး ခပ်တိုးတိုးညည်းတွားလိုက်တယ်။ ခေါင်းလှည့်ပြီး နံရံပေါ်ကနာရီကိုကြည့်လိုက်တော့ ငါးနာရီတောင်ထိုးခါနီးနေပြီ။
YOU ARE READING
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romanceဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။