"သမီးလေးဆီက စာရတယ်ဆို ဘာတဲ့လဲ နေထိုင်ရောကောင်းရဲ့လား အဆင်ပြေရဲ့လား အစ်ကိုမြင့်မောင်"
"သမီးလေးကအဆင်ပြေတယ်တဲ့ ရွာမှာ နေရတာပျော်နေတဲ့ပုံပဲ"
"သမီးလေးကိုအခုလိုမျိုး ဖခင်ကောင်းတစ်ယောက်လို့ ပြုစုပျိုးထောင်ပေးလို့ အစ်ကို မြင့်မောင်ကို ကျေးဇူးတင်ပါတယ်"
"မလိုပါဘူးကွာ သု့နှောင်းမောင်လေးက ငါသမီးလေးပဲ"
ကျွန်မသမီးလေးကို ပြန်ခေါ်ပြီး ပါရဂူဘွဲ့ကိုတော့ ယူစေချင်သေးတယ် ဒါကကျွန်မရဲ့ဆန္ဒပါ။ သမီးဆန္ဒမပါဘူးဆိုရင် အတင်းအကြပ်ကြီးမခိုင်းပါဘူး။ကျေးဇူးရှိရင် အဲ့ကျေးဇူးကုိဆပ်ရမှာ လူကျင့်၀တ်ပဲလေ ဒါကိုကျွန်မနားလည်ရမယ်။
"ဟဲ့ ဝိန်းစိန်ရေ ဝိန်းစိန် ငါ့သမီးနှယ့်ခေါ်ရလိမ့်တာ ဘယ်များသွားပါလိမ့်"
"လာပါပြီ အဘရဲ့ ကျုပ်ကိုဘာခိုင်းမလို့လဲတော့ "
"ကိုမင်းဒင်အိမ် နှမ်းမျိုးသွား၀ယ်စမ်း ဟိုကောင်လှမောင် စိုက်ရင်းကုန်သွားလို့တဲ့"
ဦးကြီးမင်းဒင်တို့က သူများလို ပဲပေါ်ပဲရောင်း နှမ်းပေါ်နှမ်းရောင်းမလုပ်ရတော့ စိုက်မျိုးစေ့တွေကိုလှောင်ထားလေ့ရှိတယ် စိုက်ပျိုးချိန် ရွာထဲကတောင်သူတွေ မျိုးစေ့လိုတယ်ဆိုရင် ပြန်ရောင်းပေးတယ်။
" ကိုချက်ဖောင် နှမ်းမျိုးကဒီလောက်ပဲလား လောက်ရဲ့လာတော့ မနှစ်တုန်းကလိုမိုးများလို့ အပင်ပေါက်တွေရေနာကုန်ရင် အခက်တွေ့နေပါဦးမယ်"
"တော်ပါပြီ မခင်နှင်းဆီရယ် မနှစ်ကတောင်သူမရတော့ ဒီကြားထဲ အသုံကြပ်သွားတယ်ဗျ"
"ဒါဆိုလောက်မှပေးပေါ့ မနှစ်ကလိုဖြစ်ရင်အခက်တွေ့နေပါဦးမယ်"
"မဟုတ်တာမခင်နှင်းဆီရယ် ဦးကြီးမင်းဒင်သိရင်ဆူခံထိနေပါဦးမယ်"
မခင်နှင်းဆီက သနားကြင်နာတတ်တယ် သူများအပေါ်ပေးချင်ကျွေးချင်တယ် သူမှာ သူဌေးဂုဏ် အလှမာန်တတ်တယ်ဆိုတာလဲမရှိ အားလုံးကိုအတူတူဆက်ဆံသည်။
"ဟော မဝိုင်းစိန် မျိုးစေ့လာ၀ယ်တာလား "
"ဟုတ်ပါ့တော် စိုက်ရင်းကုန်သွားလို့တဲ့"
"မဝိန်းစိန်တစ်ယောက်ထဲလား ကူမဲ့သူမပါဘူးလား"
"နောက်ကလိုက်လာမယ်တဲ့ မခင်နှင်းဆီကိုကြုံတုန်းမေးရဦးမယ် ဒေါက်တာကိုမမြင်မကြည်ဘူးလားတော့"
" အို အဲ့လိုမဟုတ်ရပါဘူးမဝိန်းစိန်ရဲ့ သူမျက်၀န်းနက်နက်တွေကိုရင်မဆိုင်ရဲပေါင်"
" ကျုပ်ဖြင့်မသိပေါင်မခင်နှင်းဆီ တော့်ကဒီလိုကိုးတော့"
"မိန်းမနော် ဟိုဒေါက်တာ မိန်းကလေးဆိုတာသိရဲ့လား"
" မြင်လဲမြင်တယ်သိလဲသိတယ် အဟိ"
"မခင်နှင်းဆီနဲ့ မဝိုင်းစိန်"
ဟော သူအကြောင်းပြောရင်ရောက်ရောက်လာတတ်တယ် သူအနားပုဏ္ဏားတွေများရှိနေသလားထင်ယောင်ရတယ် အခုလဲလူကို ကြည့်နေပြန်ပြီ ရှင်ကအဲ့လိုကြည့်တော့ဒီကလူနေရခက်တယ် ဒေါက်တာသု့နှောင်းမောင်ကြီးရယ်။
"အဟမ်း ဒေါက်တာကျုပ်ကိုလာကူတာလား"
"ဟုတ်တယ် ကျုပ်လဲလမ်းလေှျာက်ရင် လိုက်လာတာ"
"ရှင်ကတောင်သူလုပ်ဘူးတာလဲမဟုတ်ဘူး ခါးတွေဘာတွေနာနေပါဦးမယ် ကိုတာတီးရယ် လိုက်ပို့ပေးလိုက်ပါ"
"အမလေး မိခင်နှင်းဆီ တစ်ယောက်တော့ နေရာကွက်ကြား မိုးတွေရွာနေပါတယ်တဲ့တော်"
" အို တော်ကလဲ ကျုပ်ကလူတိုင်းအပေါ် စေတနာ မေတ္တာထားပါတယ်တော့"
"ဒါဆို ကျုပ်ကိုလည်း မေတ္တာရှိတယ်ပေါ့ဟုတ်လား မခင်နှင်းဆီ"
" မခင်နှင်းဆီ ရှက်ရမ်းရမ်းပြီကျုပ်ကို စိုက်မျိုးစေ့တွေ ပုိထည့်နေအုံးမယ် တော်ကြမှာ ဘကြီးဒင် အဆူခံထိမယ်နော"
"အိုတော်ပါ မဝိန်းစိန်ရယ် လူကိုဘာဖြစ်လို့ ဒီလောက်စနေရသလဲ ပြောပါဦး"
ဒီနေ့တော့ ကျုပ်ရဲ့ ရက်ရာဇာကိုရှာတွေ့ခဲ့ပြီ အဲ့ဒါ မခင်နှင်းဆီဆိုတဲ့အမျိုးသမီးပဲ အဲ့ဒီအမျိုးသမီးကို မြင်တေွ့နေရတဲ့နေ့ရက်တိုင်းဟာ ကျုပ်ရဲ့ရက်ရာဇာပါပဲ။
"ကိုင်း ထနှောင်းစုရွာကျေးရွာမှာ နေထိုင်ကြကုန်သော ကျောင်းဒါကာ ကျောင်းအမ သူတော်ကောင်းတို့ မိုးရာသီရောက်ပြီဖြစ်၍ သောက်သူံးရေ သုံးစွဲနေတဲ့ ဘုန်းကြီးကျောင်းရေကန်ကို နွံဆယ်မှာဖြစ်သ၍ သူကြီးဦးအောင်မင်း တစ်အိမ်တစ်ယောက် ထမိန်ပေါက်နဲ့ အမ်းမဟုတ်ပါ ဟမ်း တစ်အိမ်တစ်ယောက် အရောက်လာခဲ့ပါရန် နိူးဆော်လိုက်ရပါတယ်ဗျို့ "
"ဒုန်းးးးးးးးးးးး"
"ဦးကြီးဒင်ကြားသလား ကျုပ်အဲ့ကိုလုပ်အားပေးသွားချင်တယ်"
မိုးဦးကျပြီဖြစ်၍ ရွာရဲ့ သောက်သုံးကန်ဖြစ်တဲ့ ဘုန်းကြီးကျောင်းကန်ကို မိုးရေအသစ်လဲတော့မည်ဖြစ်သည်။
"ငါကြားပါတယ် မိနှင်းဆီရ တာတီးသွားလိုက်မယ် အဲ့ဒါမိန်းကလေးအလုပ်မဟုတ်ဘူး"
"မဟုတ်တာ အဲ့ဒါဆယ်ပြီရင် မုန့်လုံးရေပေါ်ကျွေးတယ်လေ ကျုပ်သွားချင်လို့ပါဦးကြီးဒင်"
" ပြန်လာရင် ဘာသံညာသံမကြားချင်ဘူးနော် မိနှင်းဆီ"
"ကျုပ်သိပါတယ်တော့ ဦးကြီးဒင်စကားကိုမြေ၀ယ်မကျနားထောင်ပြီးတာပါ။
YOU ARE READING
တစ်ချိန်က မခင်နှင်းဆီ
Romanceဒီ လက်ပံပင်ကြီးရယ်... ထနှောင်းစုရွာလေးရယ် ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အညာသူလေး မခင်နှင်းဆီရယ်....