တစ်ချိန်က မခင်နှင်းဆီ (အခန်း-၁)

1.7K 67 0
                                    

အညာနေကပူပြင်းလှသည်။
ရာသီဉတုပူပြင်းသလို နွားနှစ်ကောင်လဲ သခင်အလိုကျ လှည်းကိုပြေးဆွဲနေရသည်။
"အဖေ့သားကြီးတို့ ရွာ၀င်တော့မှာ ဆွဲထားကွ"
ကိုလှမောင်တစ်ယောက် ယာခင်းအတွက် လိုအပ်တဲ့အားဆေးတွေ မြို့ပေါ်သို့ သွား၀ယ်ခြင်းဖြစ်သည်။
လှည်းကလေးသည် တဖြေးဖြေးရွာ၀င် တမာတန်းသို့ ၀င်ရောက်လာသည်။ မြို့ကလူကြုံပါးလိုက်တဲ့ စာတစ်‌ေစာင်ကြောင့် သူကြီးဦးအောင်မင်းအိမ်ရှေ့သို့ရပ်လိုက်သည်
"ဗျို့ သူကြီး"
"ဗျို့ သူကြီး ဦးအောင်မင်း ရှိလားဗျ မြို့ကစာလွှာလူကြုံပါးလိုက်လို့ လာပေးတာပါဗျ"
သူကြီးလဲ ဘုရားရှိခိုးနေတုန်း အရေးတကြီးကိုလှမောင်အသံကြောင့် အိမ်အောက်‌သို့ ဆင်းလာရသည်။
"ဘယ်လိုဖြစ်လို့ အလောတကြီး ငါနာမည်ခေါ်နေရတာတုန်းကွ"
"လာအိမ်ထဲလာခဲ့ကွ"
ကိုလှမောင်လည်း သူကြီးအမိန့်ကြောင့် နွားကြိုးကိုလှည်းနံရံမှာချည်းထားပြီး လွယ်အိတ်ထဲက စာကိုယူခါ အိမ်ရှေ့တန်းလျားဆီသို့၀င်သွားသည် ။
"ဆိုပါအုံး ဘာအကြောင်းများရှိလဲကွ"
ရေနွေးကြမ်းသောက်ရင် ကိုလှမောင်ကိုမေးလိုက်သည်
"ကျုပ်မြို့ပေါ် ဆေးသွား၀ယ်ရင်း သူကြီးဆီ စာတစ်စောင်ပေးခိုင်းလိုက်လို့ဗျ"
ပြောပြောဆိုဆို လက်ထဲကစာအိတ်လေးကိုသူကြီးဆီပေးလိုက်သည်။
"ဘယ်ကစာပါလိုက် အရေးကြီးသလားကွဲ့"
သူကြီးလည်းစာအိတ်လေးကို ဖောက်ပြီး ဟန်ပါပါဖတ်လိုက်သည် ကို‌လှမောင်လဲ ရေနွေးတစ်ခွက်ပြီးတစ်ခွက်သောက်ခါ သူကြီးစာဖတ်သံကိုနားထောင်နေသည်။
"ဒါ မြို့မှာအခြေချနေတဲ့ ငါငယ်သူငယ်ချင်းကြီးရေးလိုက်တဲ့စာပဲကွ"
"သူသမီးဒေါက်တာပေါက်စကို တို့ရွာဆေးလာကုခိုင်းမလို့တဲ့ဗျ ဘာတဲ့မနက်ဖြန်မနက်ကိုသွားကြိုပေးပါတဲ့ "
"ဒါ၀မ်းသာစရာပဲကွ နာမည်က ဒေါက်တာသု့နှောင်းမောင်တဲ့ ဒီကောင် မြင့်မောင် သူနာမည်ကြီးပါအောင်ပေးထားတာပဲကွ ငါ့ကောင်ကြီးကတော့ ကောင်းတယ်ကောင်းတယ်"
"ဒါဆိုကျုပ်တို့ မြို့ပေါ်သွား ဆေးကုစရာမလိုတော့ဘူးပေါ့ ဟုတ်လားသူကြ္ီး"
"ဒီငနဲ ကတော့ကွာ ရွာကိုဒေါက်တာလာမှာကွ မင်းမြို့ကိုသွားချင်သေတာလား"
သူကြီးသည် ကိုလှမောင်ကို လေသံမာမာငေါက်လိုက်သည်
"ဒီသတင်းကို ရွာလယ်ပိုင်းက ရွာဇော် ဖိုးတုတ်ကို တစ်ရွာလုံးကြောညာခိုင်း ငါသူကြီးအမိန့်လို့ပြောလိုက် ဒိုးပတ်အဖွဲ့ကိုလည်း မနက်ဖြန်မနက်ရွာထိပ်မှာ ကြိုရမယ်လို့ ငါသမီးဝိုင်းစိန်ကို ထမင်သေချာချက်ခိုင်းရမယ် မင်းလဲ နွားလှည်းသေချာပြင်ထားနော် "
"ဒီအတွက်စိတ်မပူပါနဲ့ ကျုပ်တာ၀န်ထား ကျုပ်သွားပြောတော့မယ်နော် သူကြီး"
ကိုလှမောင်လဲ လှည်းလေးအမြန်မောင်းကာ ရွာလယ်ပိုင်းဆီသို့ လှည်ဦးတည်လိုက်သည်။
"ဒီခွေးမသားကတော့ ရေနွေးအိုကိုပြောင်လို့ တော်သေးရေနွေးအို ဝါးစားမသွားလို့ ရေစည်လှည်းကြလာပို့မယ်မရှိဘူး "
"ပြောရင်လဲအောင်မင်းလွန်ရာကျအုံးမယ်"
ငါတို့ရွာလေး ဆေးခန်းရှိပြီး ‌ဆေးဆရာ၀န်မရှိတဲ့ဘ၀ အခုတော့ ပြည့်စုံတော့မယ်
ငယ်သူငယ်ချင်းကြီး မြင့်မောင်ရေ မင်းကိုတော့လွမ်းမိသားဟ

ကျွန်မ ဆရာ၀န်ဘွဲ့ကိုတော့ရခဲ့ပြီ ဆရာ၀န်တစ်ယောက်ရဲ့ တာ၀န်ကိုကျေဖို့ပဲလို့တော့တယ်။ ဖေဖေကတော့ သူငယ်ငယ်ကနေခဲ့တဲ့ရွာလေမှာ ဆေးကုပေးစေချင်တယ်တဲ့ ရည်မှန်းချက်လေးရှိသတဲ့ ဖေဖေရဲ့ ရည်မှန်းချက်ပြည့်ဖို့ ကျွန်မ မရောက်ဖူးသေးတဲ့ ကျေးလက်ရွာလေးကိုသွားဖို့ဆုံးဖြတ်ခဲ့တယ်။
"သမီးလေး ဖေဖေ၀မ်းသာတာပဲ အဖေနေခဲ့တဲ့ရွာလေးကို အဖေအကျိုးမပြု‌ခဲ့ပေမဲ့ အဖေရဲ့သွေးသားကိုတော့ ရွာလေးကိုအကျိုးပြုစေချင်တယ်ကွယ်"
ဖေဖေကသူရွာလေးကို သိမ့်တန်ဖိုးထားတာ ကျွန်မငယ်ငယ်ကဆို ဖေဖေသူရွာလေးအကြောင်းအမြဲပြောတယ် ကျွန်မအခုအဲ့ရွာလေးကိုသွားရတော့မယ် မေမေကတော့ စိတ်မချလို့သူလိုက်ခဲ့ပါရစေတဲ့ ဖေဖေကအဲ့လုပ်ရက်ကို ကန့်ကွက်ခဲ့တယ် ကိုယ်ခြေထောက်ပေါ် ကိုယ့်အစွမ်းစနဲ့ကိုယ်ဘ၀ကိုတည်ဆောက်နိူင်တဲ့သန်မာတဲ့သူဖြစ်ချင်သတဲ့ ကျွန်မလဲအဲ့လိုလူဖြစ်အောင်ကြိုးစားနေတဲ့လူပါ
"ဖေဖေနဲ့မေမေကို သမီးကန်တော့မယ်နော်"
"ငါ့သမီးလေး ကျန်းမာလို့ ချမ်းသာ သွားလမ်းဖြောင့်ပါစေကွယ်"
မေမေက မျက်ရည်လေးစမ်းစမ်းနဲ့ဆုပေးနေတယ်ဖေဖေကတော့ပြုံးပြုံးကြီးပေါ့။
"ကျုပ်သွားတော့မယ်နော်အဘ အမေကိုဂရုစိုက်နော် အဘ ကျုပ်စိတ်ချမယ်"
"ဒီကောင်မလေးတော့ ရွာမရောက်သေးဘူး ရွာသူလုပ်နေပြီပေါ့"
"ဖေဖေ့သမီးပါ ဖေဖေရဲ့ "
"ကဲကဲ ဒီသားဖနှစ်ယောက် စကားတွေများမနေနဲ့ နေပူနေမယ်"
ကျွန်မလဲ ‌ဖေဖေနဲ့မေမေကို နူတ်ဆက်ပြီ ကျွန်အမြဲတမ်းနားရေ၀နေတဲ့ ရွာလေးဆီကို ခရီဦးတည်ခဲ့လေသည်။

Nov.1
ဆက်ရန်....

တစ်ချိန်က မခင်နှင်းဆီWhere stories live. Discover now