တစ်ချိန်က မခင်နှင်းဆီ (အခန်း-၃)

735 45 0
                                    

နွေမိန်တပေါင်း နေရှန်လောင်း × ရွက်ဟောင်းကြွေကျမြေခခဲ့ပြီကွယ်...
လေရူးသုန်သုန်မြူမှုန်လွင့်ပါ × စပါးပြန့်ပြူးရာသီဦး၀ယ်...
ကြည်နူးစရာတို့ရွာဖျားမယ် × ကြီးမားပင်စည် ပွင့်နီလက်ပံ ဝဲပျံမြေပေါ် လျောင်းစက်ပျော်တယ်...

"ဟဲ့ ဗုဓော ရှင် ဘယ်သူလဲ ဘယ်ကလဲ"

စွာလိုက်တဲ့အမျိုးသမီးပါလား၊အသံကချိုချို နားထောင်ကောင်းလှသည်၊ ချည်အကျီရင်ဖုံးကို ပခုက္ကူချည်ထဘီအစင်းလေးနဲ့တွဲ၀တ်ထားသည်၊ ညီညီညာညာ ပါးနှစ်ဖက်မှာမင်းမူနေတဲ့ ပါးကွက်ကလေး သနပ်ခါးအနံသင်းသင်းပျံ့၊မျက်လုံးမျက်ခုံး ကျုပ်အတွက်မျက်တောင်ခက်ရမှာ နှမြောမိလှသည်။

"ဒီမှာ ဒီမှာ "
"မခင်နှင်းဆီ ဘာဖြစ်တာတုန်းတော့"
"ဒေါက်တာရောက်နေတာလား မခင်နှင်းဆီ သူက ကျုပ်တို့ရွာကိုဆေးလာကုပေးတဲ့ မြို့ကဒေါက်တာမလေးလေ"
မြို့ကဒေါက်တာ ၀တ်ပုံစားပုံကို ကြည့်ကျုပ်သိပါ့ မြို့ကလူမှန်း လူကိုကြည့်နေတာများ အမဲသတ်သမားလို့ အမဲဖြတ်တော့မဲ့ရုပ်မျိုး
မဝိန်းစိန်ပြောသလိုတော့ ချောသလိုလိုရှိလှပါတယ်။ ကျုပ်တော့ သူမျက်၀န်းနက်နက်တွေနဲ့ ရင်မဆိုင်ရဲပေါင် အခုလဲကြည့်နေလိုက်ပုံ မျက်တောင်မခတ် ကျုပ်လှတာကျုပ်သိပါ့

"ဒေါက်တာ သူက ကျုပ်တို့ ‌ထနှောင်းစုရွာရဲ့ ကွမ်းထောင်ကိုင်ပန်းထောင်ကိုင် အလှပဂေး
မခင်နှင်းဆီတဲ့ မှတ်ထားနော် နှလုံးသားလေးထဲမှတ်ထား အဟိ "
ဒီမဝိန်းစိန်တစ်ယောက် အတော်ကဲနေပါလား
မြင်းကမလုပ် ခုံကလုပ်လို့တော်

"ကျုပ် သေချာမှတ်ထားပါ့မယ် မခင်နှင်းဆီ
ကျုပ် နာမည်က သု့နှောင်းမောင်ပါ ကြုံရင်ကြုံသလိုကျုပ်ကို ခေါ်နိူင်ပါတယ်"

သူကိုယ်သူမိတ်ဆက်နေပုံများ မြို့အုပ်မင်းများထင်နေသလား ရွာကိုဒေါက်တာလာမလုပ်ရဘူး မြို့အုပ်မင်းလာလုပ်ရမယ် ။
"မဝိန်းစိန် ကျုပ်ဆေးခန်းပြန်တော့မယ် အဘကိုပြောလိုက်ပါ ညစာပြန်စားပါ့မယ်လို့ လာမပို့ဖို့ရာ‌ပြောပေးပါ "

" မဝိန်းစိန် သူကဒီကိုဘာလာလုပ်တာတုန်းတော့"
"ကျုပ်လဲ ဘယ်သိမလဲ မခင်နှင်းဆီရဲ့ ဒီလိုဖြစ်မယ် ရေတွင်းမှာ ရေလာချိုးတာနေမှာပေါ့တော့ အိမ်မှာလဲ ကိုလှမောင် ရေစည်လဲလာပို့တွေ့ပါတယ်"
"ဟုတ်စ တော့်ကို လာကြည့်တာများလား ရေတွင်းကနေ ဒီလက်ပံပင်ထိလာတယ်ဆိုတော့ မခင်နှင်းဆီသတင်းကြားပြီ အချောလှလေးလာကြည့်တာဖြစ်ရမယ်"
ဒီမဝိန်းစိန်ပြော လေကဲလေပါတော် ကျုပ်နေရခက်လှပါဘိနဲ့

"တော် ရင်ခုန်နေတာလား မခင်နှင်းဆီ"
"ဒီ‌ နေ့မှ လက်ပံပွင့်တွေများ ကြွေလိုက်တာ နီရဲနေရောပဲ"
"မခင်နှင်းဆီ ကျုပ်ပေးတာ ဖြေဦးတော့"
"မဝိန်းစိန် ဘယ်လိုဖြစ်နေသတုန်း ဦးကြီးဒင်သိရင် ကျုပ်ကို အဆူခံထိပါဦးမယ်"
ရွာတောင်ပိုင်းက ရေတွင်းမှာ လူကြီးလူငယ်ကျားမ မရွေးရေလာချိုးကြတယ် ၊နေ၀င်ချိန် ယာခင်းသိမ်းချိန် နွားသိမ်းချိန်တို့ဆို လူစည်ကားလှသည် ဘေးဘီမှာ ချောင်းကလေး ရေကန်လေးကရှိနေတော့ပနာရနေသည်။ တံတားလေးပေါ်ထိုင်သူကထိုင် ရေကန်မှာ နွားရေတိုက်သူကတိုက် နေ၀င်ချိန်ပန်းချီကားအတွက် ဆေးစက်တွေလိုပါပဲ။

"ဗျို့ ဒေါက်တာ ဒေါက်တာရှိလား"
"မဝိန်းစိန် ဒေါက်တာရှိတယ် အထဲမှာ ကျုပ်ဒေါက်တာအတွက်ထမင်းသွားယူဦးမယ်"
ရှေ့ကဆူဆူမို့ ကျုပ်ထွက်ကြည့်လိုက်သည် ကျုပ်ဒီလူကိုမမြင်ဖူးသေး ဘာများဖြစ်လို့ပါလိမ့်
"ဒေါက်တာ ကျုပ်က ဦးမင်းဒင်တုိ့ အိမ်က စာရင်ငှားကိုတာတီးပါ ကျုပ်တို့စက်နဲ့ နွားစာစဉ်းရင် ကျုပ်သူငယ်ချင်း စက်ထဲလက်ပါသွားလို့ အဲ့ဒါ ဒေါက်တာကို လာပင့်တာပါ"
" ဒါဆို ကျုပ်ဆေးအိတ်ယူပြီ လိုက်ခဲ့မယ်
ခဗျားရှေ့ကသွား"
ကျုပ်မှ သူတို့ပြောတဲ့လူကြီးအိမ်မှ မသိတာ အဲ့လူနောက်ကပဲ ခပ်မြန်မြန်လေး လိုက်လာခဲ့တယ်။

"ဒီကိုတာတီးကြာလိုက်တာ ဒေါက်တာသွားပင့်တာဒေါက်တာများဖြစ်နေလား"
"ရွာမှာဒေါက်တာရှိလို့အားကိုးရမလားထင်မိပါရဲ့ မြို့ပေါ်သွားတာထက်ကြာနေတယ် သေမဲ့သူဆို ရက်လည်ဆွမ်းသွတ်နေရပြီ"
ဘာလဲ ဒီကြီးတော် ဒါဆိုလဲမြို့ပေါ်သွားကုလေ ဘယ်နှယ် ငါကိုအပြစ်လာပြောနေတယ်
"ဒီမှာ ကြီးတော်"
"ဟင် မခင်နှင်းဆီ"

Nov.3
ဆက်ရန်........


တစ်ချိန်က မခင်နှင်းဆီWhere stories live. Discover now