တစ်ချိန်က မခင်နှင်းဆီ (အခန်း ၁၁)

527 36 2
                                    

" မခင်နှင်းဆီ   မခင်နှင်းဆီ"
မိမိကို ခေါ်နေမှန်း မခင်နှင်းဆီမသိပါ။
စိတ်များအဝေးကိုပျံ့လွင့်နေသည် ယနေ့ ရာသီဉတုမှာ အုံ့မှိုင်းမှိုင်း ဖြစ်နေသည်၊ အတွေးများ နယ်ချဲ့နေ၍ သတိထားမထားမိခြင်းလည်း ဖြစ်နိူင်၏။ ချစ်သူကို လွမ်းနေရသည့် နေဝင်ချိန်တိုင်းဟာ အလွမ်းဓာတ်ကိုပိုစေသလားဟုထင်ရသည်။

" မခင်နှင်းဆီ "
ဒုတိယအကြိမ်ခေါ်သောအသံမှာ မခင်နှင်းဆီ နားအနီးရိုက်ခက်သွားသည်။
မိမိကို အခြားတစ်ယောက်ခေါ်နေသလားဟု အတွေးဝင်လာ၍ လှည့်ကြည့်လိုက်သည်။
ထိုအခါမှ ဝိုင်းစိန် ဖြစ်နေသည်။

" ဘာဖြစ်လို့ ဝိုင်းစိန်"

" နေဝင်တော့မယ် နွားသွင်းချိန်ရောက်ပြီလေတော့ ဒါကြောင့်ကျုပ်လာခေါ်ရတာ ညနေမိုးချုပ် အပြင်ထွက်လို့မကောင်းဘူး မခင်နှင်းဆီ"

" ဒါဆိုလည်း ပြန်ကြတာပေါ့ ဝိုင်းစိန်"

နေဝင်ချိန်ဆိုတာ တောင်သူဦးကြီးတွေအတွက်တော့ အလုပ်နားချိန်ဖြစ်၏၊ ‌လယ်ထဲယာထဲ စိုက်ကြပျိုးကြ ထွန်းယက်နေသူများအလုပ်သိမ်းကြသည်၊  နွားကျောင်းသမားများသည် မိမိနွားကို နီးရာ ချောက်မှာ ရေသောက်ဆင်းစေပြီး ကိုယ်အိမ်ကိုယ့်ယာ ပြန်သွင်းကြသည်။

~
" ဖေဖေ နေသာထိုင်သာရှိရဲ့လား"
  ဖေဖေဟာ လမ်းမကြီးဆီးကိုငေးမောနေခဲ့တယ်၊ လမ်းမီးရောင်ဝါကြံကြံတွေလား၊ တဝီဝီမောင်းနှင်းနေတဲ့ ကားတွေလား၊ အခုရက်ပိုင်းဖေဖေဟာ ပုံမှန်တော့ မဟုတ်ချေ။

" အင်း ကိုယ်ကနေသာတယ်ဆိုပေမဲ့ စိတ်ကတော့ ပြန်မထနိူင်တော့ဘူးထင်တယ်"
အဖေဟာ တကယ်ကို စိတ်ဓာတ်ကျနေတဲ့ပုံပါပဲ၊။

" သမီးရဲ့မေမေရော"

" မေမေ ဘုရားခန်းထဲမှာ ဝတ်ပြုနေပါတယ်"

အရာအားလုံးဟာ တိတ်ဆိတ်နေတယ်၊ ကားစက်သံကလွဲ၍ပေါ့ လေပြေလေညှင်းဟာလည်း တဖြူးဖြူး တိုက်နေတယ်။
အဖေဟာ အတွေးနယ်ချဲ့နေတဲ့ပုံပါပဲ၊ ကျွန်တော်လည် ကိုယ့်အတွေးသူကလည်းသူ့‌အတွေးနဲ့ တိတ်ဆိတ်နေခဲ့သည်။

ထိုအချိန် မေမေဝင်လာသည်

ဖေဖေထံမှ သက်ပြင်းချသံယဲ့ယဲ့လေး ကြားရစပြုလာသည်။

တစ်ချိန်က မခင်နှင်းဆီWhere stories live. Discover now